စနိုက်ကြော်တစ်ယောက်မှာ ရှိရမဲ့အရည်အချင်းတွေကို ပြောပြလိုက်တဲ့ ပန်ကိတ်ဒါဒါ


ပန်ကိတ်တစ်ယောက်ကတော့ နှစ်အတန်ကြာတွဲလာခဲ့တဲ့ ရည်းစားနဲ့လမ်းခွဲပြီးနောက်မှာ ကျန်းမာလန်းဖြာဝမ်းသာလျက်ရှိနေပါတယ်။ကိုယ်နဲ့မကိုက်ညီတဲ့အရာတစ်ခု ဘဝထဲကသူ့အလိုလိုရွေ့လျားပျောက်ကွယ်သွားအပြီးမှာ ဘယ်သူမဆိုပေါ့ပါးရွှင်လန်းသွားမှာပဲလေ။


အစိမ်းရောင်ဆိုးထားတဲ့ဆံနွယ်တွေနဲ့ မြူးထူးပျော်ရွှင်လန်းဆန်းနေပုံပေါက်တဲ့ ပန်ကိတ်က အခုတလောမှာ သူငယ်ချင်းတွေနဲ့တွေ့၊ခရီးတွေထွက်ပြီးဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတာကို သူမရဲ့ Social Media တွေကတစ်ဆင့်ပရိသတ်တွေမြင်နိုင်ပါတယ်။ ပန်ကိတ်က ဘာအနုပညာမှမလုပ်တဲ့ သာမန်ပညာတတ်မိန်းကလေးတစ်ယောက်ပဲဖြစ်ပေမယ့် သူမကိုဒီအတိုင်းနေရင်းထိုင်ရင်းကိုချစ်နေတဲ့သူတွေကလည်းရှိနေပါတယ်။


အကြောင်းပြချက် တစ်စုံတစ်ရာကို ပရိသတ်တွေကို အသိမပေးဘဲ သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲတာပါဆိုပြီး ကြေငြာခဲ့တဲ့ အဆိုတော် ရွှေထူးကတော့ မကြာသေးခင်ကမှ သရုပ်ဆောင် ရွှေမှုံရတီနဲ့ ချစ်သူတွေဖြစ်နေပြီဖြစ်ကြောင်း ချပြခဲ့တာလည်းဖြစ်ပါတယ်။


ခြောက်နှစ်ကြာအောင်တွဲလာခဲ့တဲ့ သံယောဇဉ်ကြိုးတွေရဲ့နှောင်ဖွဲ့မှုကရုန်းထွက်လာနိုင်တဲ့ ပန်ကိတ်ဟာ လူတွေထင်ကြသလို ချောင်မှာထိုင်ပြီးငိုနေမယ့်ကောင်မလေးတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့တစ်ရက်က သူငယ်ချင်းတွေနဲ့သွားလာပျော်ပါးရင်း သူငယ်ချင်းတစ်ယောက်ကရိုက်ထားလိုက်တဲ့ Video အတိုလေးမှာ ပန်ကိတ်က စနက်ကျော်တစ်ယောက်ရဲ့အရည်အချင်းတွေဘာတွေလဲဆိုတာပြောထားတာတွေ့ရပါတယ်။


ပန်ကိတ်က “စနက်ကြော်ဖြစ်မယ်ဆို ကြော်ဖြစ်မဟ် ဆိုရင် အရည်အချင်းရှိရတယ် နင့်မှာ ဘာအရည်အချင်းရှိလဲ ငါ့ကိုပြောပြလို့” သယ်ချင်းကို မေးလိုက်ပါတယ်။ သူမ သယ်ချင်းက ထမင်းချက်တတ်တယ် ဆိုပြီးပြန်နောက်ထားပါသေးတယ်။ ပိန်ကိတ်က ထမင်းချက်တတ်ရုံနဲ့မရဘူး စနိုက်ကြော်တစ်ယောက်ရဲ့အရည် အချင်းက ဘာရှိရမှာလဲဆိုရင် ” အမြဲတမ်း ကိုအဲ့ကြော်တော့မဲ့ယောကျာ်းလေးရဲ့ အခြေအနေကို အမြဲစောင့်ကြည့်နိုင်ရမယ် ဟားးးးးး အဲ့ယောက်ျားလေးက သူရဲ့ကောင်မလေးနဲ့ ရန်ဖြစ်ပြီးတော့ နဲနဲပြတ်တော့မယ် ဆိုရင် အဲ့မှာ ဝင်ကြုံးရမှာ အဲ့အရည်အချင်းရှိရမှာဆိုပြီး” စနိုက်ကြော်တွေမှာရှိရမဲ့ အရည်အချင်းလေးတွေကို သယ်ချင်းလေးနဲ့ ရယ်ရယ်မောမောေပြောခဲ့ပါတယ်။


ပိန်ကိတ်ဒါဒါပြောခဲ့တဲ့ စနိုက်ကြော်အရည်ချင်း Videoလေး





Video Source : Myat Thu

Comments

Popular posts from this blog

မသေခင် ဒိတ်သွားသင့်သော ကချင် ဆယ်လီ 10 ဦး

ရွှေထူး နဲ့ ချစ်သူဖြစ် ဖို့ လွန် ခဲ့ တဲ့ (၂)နှစ်ေ လာက် ကတည်းက နမိတ်ပြနေ တာ လို့ ဆိုလိုက်တဲ့ ရွှေမှုန်ရတီ

ပုရိသတွေ ရင်ခုန်သံမြန်စေမယ့် နန်းသီရိမောင်ရဲ့ ပုံအသစ်များ