မြန်မာအိုင်ဒေါမှာ ငှက်ပျောသီးလို့ နာမည်ကြီးသွားတဲ့ ခြိမ့်ကေကို ပါဝင်သရုပ်ဆောင်ထားတဲ့ ဗွီဒီယိုဖိုင်လေးပါ


တစ်နေ့မှာ နိုင်ငံကျော် အဆိုတော်မင်းသား ငှက်ပျောသီးရယ်လို့ ဖြစ်လာလေမည်လားး .

မြန်မာအိုင်ဒေါ အဆိုပြိုင်ပွဲ အသံစစ်ဆေးမှုမှာ ဗိုက်ဆာလွန်း သဖြင့် စာသားမေ့ဖြစ်ခဲ့ရသော ခြိမ့်ကေကို ဆိုတဲ့ အဆိုဝါသနာရှင်လေးကို လူတိုင်းသိကြမှာပါ။ အဆိုပြိုင်ရင်း သီချင်းစားသား မေ့သွားရခြင်းမှာ ဗိုက်ဆာလွန်းလို့ ဖြစ်ကြောင်း ရိုးသားစွာ ပြောခဲ့လို့အန်ကယ် မြန်မာပြည်သိန်းတန်မှ ချစ်ခင်စာနာ သနားစွာငှက်ပျောသီး ထုတ်ကျွေးခဲ့ပါတယ်။


အဆိုဝါသနာရှင်လေး ခြိမ့်ကေကိုဟာ ပြိုင်ပွဲမှာ ရွေးချယ်မခံခဲ့ရသော်လည်း မလျော့သော ဇွဲလုံ့လတို့ဖြင့် လူမှုကွန်ယက်ဖေ့ဘုတ်စ်ပေါ်မှာ ပရိတ်သတ်ကို သီချင်းတွေ သီဆို ဖျော်ဖြေခဲ့ပါတယ်။

ဒီလို ကြိုးစားအားထုတ်မှုကြောင့် လူများစွာရဲ့ အားပေးမှုကို ရယူနိုင်ခဲ့ပြီး အန်ကယ် ဦးသိန်းတန်ဆီက ငှက်ပျောသီး စားခဲ့ရဖူးသူလေးမို့လည်း ပရိတ်သတ်တွေက ချစ်စနိုးနဲ့ “ငှက်ပျောသီး”ရယ်လို့ နာမည်ပေး ကင်းပွန်းတက်ခြင်းကို ရရှိပိုင်ဆိုင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။


ငှက်ပျောသီး ဟာဆိုရင်ဖြင့် စိတ်ဓာတ်မကျဘဲ မလျော့သော ဇွဲဖြင့် ဖေ့ဘုတ်မှာ သီချင်းတွေဆိုပြခဲ့သလို ရိုးသားစွာ ကြိုးစားခဲ့သော သူ့ရဲ့ဇွဲ ဝိရိယကြောင့် ယခုအခါမှာတော့ သီချင်းသီဆိုမှု အပိုင်းမှာသာမက သရုပ်ဆောင်မှုအပိုင်းမှာပါ နေရာတစ်နေရာကို ရောက်လာနိုင်မယ့် လမ်းစပေါ်ကိုရောက်လာပြီဖြစ်ပါတယ်။


ငှက်ပျောသီးဟာ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးခွေ ထုတ်နိုင်ဖို့ ကြိုးစားအားထုတ်နေသူ တစ်ဦးဖြစ်ပြီး ယခုချိန်မှာတော့ တေးစီးရီးခွေ မထွက်ခင်မှာပဲ ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ လေပြေ ရိုက်ကူးနေသော “သရဲချစ်သူ”ဇာတ်ကားမှာ မင်းသားအဖြစ် ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ဤဗီဒီယိုဇာတ်ကားမှသည် နာမည်ကျော်ကြား လူကြိုက်များလာပြီး ရုပ်ရှင်သရုပ်ဆောင်မင်းသား တစ်ဦး အဖြစ် ငှက်ပျောသီးကို မြင်ရတော့မည်လားး ???

ဒါမှမဟုတ် ဤဗီဒီယိုဇာတ်ကားမှ ရသော အနုပညာကြေးများဖြင့် တစ်ကိုယ်တော် တေးစီးရီးခွေ ထုတ်နိုင်ပြီး အဆိုတော် သရုပ်ဆောင်မင်းသား တစ်ဦးအဖြစ် မြန်မာအနုပညာလောကမှ ထွန်းလင်းလာတော့မယ့် ကြယ်တစ်ပွင့် ဖြစ်လာလေမလားး ဆိုတာကတော့ . . . . .။ ။

Video Credit – ဒါရိုက်တာလေပြေ

Comments

Popular posts from this blog

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗြိတိသျှ အင်္ဂလိပ်ခေတ် က မြန်မာပြည် ၌ ကောင်း ကင်ပျံကြွ တန်ခိုးပြခဲ့သည့် ဘုန်းကြီး

သား​လေးနဲ့အတူ အထာကျကျ ​လျှောက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး