ရွှေမှုံရတီ နဲ့ ရွှေထူး ကြောင့် ငပေါကြီးဖြစ်သွားရတဲ့အကြောင်းရင်ဖွင့်လာတဲ့ ဇေရဲထက်
ဇေရဲထက်နဲ့ရွှေမှုံရတီဆိုတာ ရုပ်ရှင်တော်တော်များများလည်းအတူတွဲရိုက်ခဲ့ကြပြီး Interview တွေလည်းအတူတူဖြေကာ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်အလွန်ကြီးမှန်းသိသာတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ဇေရဲထက်ကလည်းရွှေမှုံရတီကို အမြဲလိုလိုအကောင်းမြင်ပေးလေ့ရှိသလို ရွှေမှုံရတီကလည်း ဇေရဲထက်ကို ချစ်ခင်ကြောင်းခဏခဏထုတ်ပြောလေ့ရှိခဲ့ပါတယ်။
မကြာသေးမီက ရွှေထူးနဲ့ရွှေမှုံရတီပြဿနာတွေဂယက်ထနေခဲ့စဉ်မှာ ဇေရဲထက်က ရွှေမှုံတို့က ဘန်ကောက်မှာ MTV သွားရိုက်တာပါ၊ ချစ်သူတွေဆိုတာသူတို့ဝန်ခံမှ ချစ်သူတွေလို့ယူဆကြပါဆိုပြီး Interview မှာ ဖာဖာထေးထေးပြောပေးခဲ့ပါတယ်။ဒါပေမယ့် အဲဒီနေ့ညမှာပဲ ရွှေမှုံတို့နှစ်ယောက်က ချစ်သူဖြစ်ကြောင်းအပြန်အလှန်ဓာတ်ပုံတွေတင်လိုက်တာမို့ ဇေရဲထက်အနေနဲ့ဂွမ်းသွားရပါတယ်။ အဲဒီအကြောင်းကို ဇေရဲထက်က Cele 7 နဲ့ Interview မှာရင်ဖွင့်ထားပါတယ်။
ဇေရဲထက်က ရွှေမှုံတို့နှစ်ဦးကိုနားလည်ကြောင်းကို “သူတို့လည်းသာမန်လူတစ်ယောက်ပုံစံမျိုးပါပဲ။ခံစားတတ်တယ်။ချစ်တတ်တယ်။နာကြည်းတတ်တယ်ပေါ့။ သူတို့ချစ်လို့ သူတို့နှစ်ယောက်လက်တွဲတာလေ။ ကိုယ်တွေကပြောစရာမှမလိုတာ။အဓိကကတော့ တကယ်ချစ်တယ်ဆိုရင်တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိရမယ်။နားလည်မှုနဲ့သာလျှင်ရှေ့ဆက်သွားလို့ရမယ်ပေါ့။ အဲ့ဒါလေးတော့ကျွန်တော်ပြောချင်ပါတယ်။ပြောရမယ်ဆိုရင်ရွှေမှုံရတီက ကျွန်တော့်သူငယ်ချင်းဖြစ်တယ်။သူ့စိတ်ထားလေးလည်းကောင်းပါတယ်။ဖြူစင်တယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်ဗျာ”လို့ပြောပြထားပါတယ်။
ရွှေမှုံရတီအတွက်ပြောပေးရင်းနဲ့ ငပေါကြီးဖြစ်သွားရကြောင်းကိုလည်း “ကျွန်တော်ကိုယ်တိုင်ကလည်း ဂဃဏနမသိဘူးဗျ။ ကျွန်တော် comment တစ်ခုဖတ်လိုက်ရတယ်။ MTV သွားရိုက်တယ်လို့ပြောတယ်။ အဲဒါနဲ့ကျွန်တော်လည်း MTV ရိုက်တာပဲဖြစ်မယ်ဆိုပြီး ပြောလိုက်တာပေါ့နော်။အဲဒီအချိန်မှာပဲညတွင်းချင်း သူတို့တင်လိုက်တာတွေက ဘယ်လိုပြောရမယ်မှန်းမသိဘူးပေါ့နော်။ကျွန်တော်ကငပေါကြီးပေါ့နော့။ ကောက်ရိုးပုံစောင့်တဲ့ခွေးကအစ အပြောခံရတာပေါ့။”လို့ပြောခဲ့ပြီး ဘယ်လိုပဲအပြောခံရပေမယ့် ရွှေမှုံအတွက်မို့ ပျော်ပါတယ်ဆိုပြီးတော့လည်း “ဒါပေမယ့် ကျွန်တော်အေးဆေးပါပဲ။ပျော်ပျော်ပါပဲ။
ဘာလို့ဆိုတော့ ကိုယ့်သူငယ်ချင်းတစ်ယောက်အတွက်ကျွန်တော်လုပ်ပေးသင့်တာကိုလုပ်ပေးရမှာ ပြောပေးသင့်တာကိုပြောပေးရမှာကျွန်တော့်တာဝန်လေ။”လို့ လည်းဖြေကြားခဲ့ပါသေးတယ်။ဒီကိစ္စအတွက်ရွှေမှုံ့ကိုစိတ်မဆိုးကြောင်းကိုလည်း “စိတ်မဆိုးပါဘူး။သူကအဲ့လိုပဲ ကျွန်တော်နဲ့က မိသားစုလိုဖြစ်နေတာလေ။”လို့လည်းပြောပြထားပါတယ်။ ပရိသတ်တွေထဲမှာရော ဇေရဲထက်နဲ့ရွှေမှုံကိုချစ်သူတွေရှိလား။ သူတို့နှစ်ဦးကိုအတူတူဆက်အားပေးကြမယ်နော်။
Credit:Can’t Wait To Say
Comments
Post a Comment