၁၉၆၀ခုနှစ်က ၀ယ်ခဲ့ တဲ့ ရိုးလက်စ်နာ ရီ ရဲ့ ယနေ့ပေါက်ဈေးကြောင့် အံ့အားသင့်ခဲ့တဲ့ ပိုင်ရှင်အဖိုးအို
ကျွန်တော်တို့တွ အသုံးအဆောင်
ပစ္စည်းတွေ ကို ၀ယ် ရာမှာတော့
ငါသုံးတာကြာလို့ဟောင်းသွားရင်တော့ ဘယ်လောက်နဲ့ ပြန်ရောင်းမယ်ကွာလို့
စဉ်းစားပြီးဝယ်တဲ့ လူသိပ်ရှိမှာ မဟုတ်ပါဘူး။ကိုယ်သုံးဖို့အတွက်ပဲ ကိုယ်ဝယ်ကြတာပါ။ဒီထဲက အဖိုးအိုရဲ့ ဖြစ်စဉ်ကလည်း ဒီလိုပဲ ဖြစ်ပါတယ်။သူဟာ ၁၉၆၀ ပြည့်နှစ်တစ်ဝိုက်လောက်ကက အမေရိကန် တပ်သားအဖြစ်ဂျာမနီကို ရောက်ရှိခဲ့စဉ်က သူရဲ့ တပ်ကြပ်ဖြစ်သူက တိုက်တွန်းတဲ့အတွက် ကြောင့် Rolex နာရီတစ်လုံးကို ထိုခေတ် အမေရိကန် ဒေါ်လာ ၁၂၀ နဲ့ ၀ယ်ယူခဲ့ပြီး ဒီနာရီကို ဆယ်စုနှစ် ၅ ခုကြာ ၀တ်ဆင်လာခဲ့ပြီး နာရီဝယ်စဉ်က ဘောက်ချာတွေ၊အထောက်အထား ပြစာရွက်တွေကို ပါ တရိုတသေ သိမ်းထားခဲ့ပါတယ်။
တစ်နေ့ သူနေထိုင်တဲ့ နေရာကို ရှေးဟောင်းပစ္စည်း လေလံပွဲတစ်ပွဲ လာကျင်းပနေလို့ သူ့ရဲ့နာရီကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး ရာဖြတ်(တန်ဖိုးဖြတ်သူ) သူရဲ့နာရီကို ဒေါ်လာ ၂၅၀၀၀ – ၃၅၀၀၀( သိန်း ၃၄၀ မှ သိန်း ၄၇၀ ) အထိပေးခဲ့တဲ့အတွက် အဖိုးအိုဟာ ပျော်ရွှင်ခဲ့ပါတယ်။ဒါအပြင် အဖိုးအို သိမ်းထားတဲ့ စာရွက်စာတမ်းတွေသာ အကောင်းအတိုင်းရှိနေဦးမယ်ဆိုရင် ဒီနာရီရဲ့ တန်ကြေးက ဒေါ်လာ ၇၅၀၀၀ အထိ ရရှိနိုင်ကြောင်း ရာဖြတ်ကေ
အဖိုးအိုရဲ့ နာရီဟာ ၁၉၅၄ ခုနှစ်မှာ ပန်လေကြောင်းလိုင်းနဲ့ Rolex ကုမ္ပဏီတို့ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တဲ့ Rolex Oyster Perpetual Date GMT Master နာရီအမျိုးအစားမျိုး ဖြစ်ပါတယ်။” ငါ မထင်ထားမိဘူး။လေလံပွဲမှာ ဒေါ်လာ ၁၅၀၀ လောက်ရမယ်ဆိုရင်တောင် ငါတော်တော် ပျော်မိမှာ ” လို့ အဖိုးအိုက ဆိုခဲ့ပါတယ်။
Credit: shwemom.com
Comments
Post a Comment