သန္တာဗိုကို ထိပ်တိုက်နာမည်ခေါ်ပြီး ဒဲ့မေးလိုက်တဲ့ သုသုရဲ့အကြမ်းစား ဗီဒီယိုဖိုင်


ပရိသတ်ကြီးရေ နိုင်ငံကျော်မိတ်ကပ်ပညာရှင် သုသုကတော့ သူမရဲ့တစ်ခန်းရပ်ဟာသ ဗီဒီယိုလေးတွေနဲ့ တဖြည်းဖြည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိလာခဲ့သူ ဖြစ်ပါတယ်။ အနုပညာလောကရဲ့ မိတ်ကပ်ဖန်တီးရှင် အကျော်အမော်တစ်ဦးဖြစ်သလို ပြည်သူတွေကြားမှာလည်း မသိသူမရှိလောက်အောင် အကြီးအကျယ် အောင်မြင်နေသူ ဖြစ်ပါတယ်။ မိန်းမသားတစ်ဦးလို ခန္ဓာကိုယ် အချိုးအစားပြေပြစ်လှပပြီး ချစ်စရာကောင်းတဲ့ မျက်နှာလှလှလေးတွေကြောင့် ပုရိသတွေရဲ့အချစ်ကို ခံယူနေရသြူ



ပွင့်လင်းပြတ်သားစွာ ဆက်ဆံပြောဆိုတတ်တဲ့ သုသုက ဘုရားတရားကိုင်းရှိုင်းပြီး အများအပေါ် စေတနာနဲ့ ဆက်ဆံတတ်သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြောစရာ ဆိုစရာရှိလာပြီ ဆိုရင်လည်း သူများနဲ့မတူ ဒဲ့ပြော ဒဲ့ရှင်းတတ်တာကလည်း သုသုရဲ့စတိုင်လို့ ဆိုလို့ရပါတယ်။ အခုလည်း သုသုက မော်ဒယ် သရုပ်ဆောင် သန္တာဗိုနဲ့ Miss Cosmopolitan Myanmar 2018 ပွဲမှာ ရင်ဆိုင်တွေ့ဆုံခိုက် ထိပ်တိုက်နာမည်ခေါ်ပြီး မေးလိုက်ပုံကလည်း တကယ့်ကို အမိုက်စားဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်။



ချစ်သူနဲ့ လမ်းခွဲပြီးနောက်ပိုင်း တစ်နေ့တစ်ခြား မယုံနိုင်လောက်အောင် ပြောင်းလဲလှပလာတဲ့ သူမက အခုဆိုရင် ချစ်သူအသစ်နဲ့ ပျော်ရွှင်နေရပြီ ဖြစ်ပါတယ်။ အခုလည်း ဒီဇိုင်နာ စီစီအောင်ရဲ့ ဆင်စွယ်ရောင်ဝတ်စုံလေးနဲ့ အဖြူရောင်မင်းသမီးလေးလို လှပနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း သန္တာဗိုနဲ့ သုသုရဲ့ “မေးကြည့်တာလေ “ဆိုတဲ့ အသည်းယားစရာ ဗီဒီယိုလေးကို ကြည့်ရှုဖို့ အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။



Source: Nyi Nyi Maung ;

Comments

Popular posts from this blog

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗြိတိသျှ အင်္ဂလိပ်ခေတ် က မြန်မာပြည် ၌ ကောင်း ကင်ပျံကြွ တန်ခိုးပြခဲ့သည့် ဘုန်းကြီး

သား​လေးနဲ့အတူ အထာကျကျ ​လျှောက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး