တပည့်ဖြစ်သူ ရွှေမှုံရတီရဲ့အချစ်ရေးအပေါ် ပြောပြလာတဲ့နေတိုး
ကိုနေတိုးကြီးဟာဆိုရင်ဖြင့် တစ်နိုင်ငံလုံးကပရိသတ်တွေဝိုင်းချစ်တာခံရတဲ့ တကယ့်ဝါရင့်မင်းသားတစ်ယောက်ဖြစ်သလို သရုပ်ဆောင်ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ အေးချမ်းရိုးသားတဲ့စိတ်နေစိတ်ထားတွေကြောင့်လည်း မြန်မာတစ်နိုင်ငံလုံးတင်မက အိမ်နီးချင်းနိုင်ငံတွေက အနုပညာရှင်တွေရဲ့လေးစားချစ်ခင်မှုကိုပါခံရတဲ့မင်းသားလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီးမင်းသမီး ကော်ရက်ဗီးကတောင် ကိုနေတိုးနဲ့ဒိတ်ခွင့်ရမယ်ဆိုရင် ဒိတ်ချင်ပါတယ်လို့ interview မှာဖွင့်ပြောဖူးပါသေးတယ်။ ကိုနေတိုးဟာလည်း အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပြီလို့ ပရိသတ်တွေက တဖွဖွပြောနေကြပြီး သူတို့ချစ်တဲ့မင်းသားက အလုပ်တွေဖိစီးပြီး လူပျိုကြီးဖြစ်သွားမှာစိုးရိမ်ပုံပေါ်ပါတယ်။ ကိုနေတိုးက မကြာသေးမီက Sunday Journal နဲ့ Interview မှာ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ မင်္ဂလာပွဲအကြောင်းနဲ့ တပည့်မဖြစ်သူ ရွှေမှုံရတီရဲ့အချစ်ရေးအပေါ်အမြင်အချို့ကိုပြောပြပေးထားပါတယ်။
နေတိုးက ကိုယ်တိုင်ကိုယ်ကျသင်ပေးခဲ့ရတဲ့ မင်းသမီးတစ်ယောက်ဖြစ်သူ ရွှေမှုံကိုသံယောဇဉ်ရှိပုံပေါ်ပါတယ်။ ရွှေမှုံရတီကိုသင်ပေးခဲ့တဲ့ အကြောင်းကို “အထွေအထူးတော့ ပြောစရာမရှိပါဘူး။ ကျွန်တော်တို့ကတော့ အနုပညာနဲ့ပတ်သက်ပြီးတော့ သူ့ကိုသင်ပေးတယ်။မင်းသမီးတစ်ယောက်ဖြစ်အောင် ကျွန်တော်တို့ကပံ့ပိုးပေးခဲ့တယ်ပေါ့နော်။”လို့ ပြောပြထားပါတယ်။ ဒါပေမယ့် ကိုနေတိုးက တပည့်မကိုဘယ်လိုပဲသံယောဇဉ်ရှိလည်းပဲ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိုခွဲခြားတတ်သူတစ်ဦးဖြစ်ပါတယ်။ လူပြောများနေတဲ့ ရွှေမှုံရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး “အခြားကိုယ်ရေးကိုယ်တာကိစ္စကတော့ ကျွန်တော်တို့မှာအဲ့လောက်ထိ… ဘယ်လိုပြောမလဲ..ကျွန်တော်တို့မှာပြောပိုင်ခွင့်မရှိဘူးလေ။”လို့ပြောပြထားပါတယ်။
ရွှေမှုံနဲ့ချုပ်ထားတဲ့ စာချုပ်သက်တမ်းတွေလည်းမရှိတော့ကြောင်းကို “နောက်ပြီးတော့ contract တွေလည်းမရှိတော့ဘူးလေ။ contract တွေကလည်း နှစ်တွေပြည့်သွားကြပြီဆိုတော့။ဘာမှတော့ပြောစရာမရှိပါဘူး”လို့ဖြေကြားထားပါတယ်။ ကိုနေတိုးက ရွှေမှုံဟာ ကိုယ့်ကိုယ်ကိုယ်ထိန်းကျောင်းနိုင်တဲ့အရွယ်ရောက်နေပြီလို့သတ်မှတ်ထားပုံပေါ်ပြီး အဲဒါကမှန်တယ်လို့လည်းပြောရမှာပါ။ ရွှေမှုံကဆယ့်ရှစ်နှစ်ပြည့်ပြီးပြီမဟုတ်လား။ အဲ့ဒါကို “အဓိကကတော့ သူ့ရဲ့ family နဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေက အဓိကပါပဲ”လို့ေပြောထားပါတယ်။
ဒါ့အပြင် ပရိသတ်တွေအားလုံးစိတ်ဝင်စားနေကြတဲ့ မင်္ဂလာပွဲအကြောင်းကိုတော့ ကိုနေတိုးက ခပ်ပြုံးပြုံးနဲ့ပဲ “အထွေအထူးတော့မရှိပါဘူး။ မင်္ဂလာပွဲနဲ့ပတ်သက်ပြီးပေါ့နော် ကျွန်တော့်အနေနဲ့ ပရိသတ်ကို ချပြမယ့်အခြေအနေတစ်ခုထိမရောက်သေးပါဘူးလို့ပဲပြောချင်ပါတယ်။”လို့ ပြောထားပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော နေတိုးကိုချစ်သူတွေရှိလား။ နေတိုးရဲ့အချစ်ရေးနဲ့အိမ်ထောင်ရေးအကြောင်းကို သူဖွင့်ပြောပြလာမယ့်အချိန်အထိ စိတ်ရှည်လက်ရှည်အတူတူစောင့်ဆိုင်းကြရအောင်..။
Video ကြည့်ရန်
Comments
Post a Comment