မတော်တဆ တိုက်ဆိုင်မှုတခုကြောင့် ပရိသတ်တွေက ချစ်သူတွေလို စနောက်တာခံနေရတဲ့ အောင်ရဲလင်းနဲ့ ဖြူဖြူထွေး


ပရိသတ် ချစ် အနုပညာရှင် နှစ်ဦးဖြစ်တဲ့ မင်းသားချော အောင်ရဲလင်း နဲ့ အကမော်ဒယ်လ်မလေး ဖြူဖြူထွေး တို့ နှစ်ယောက်ကတော့ အစအနောက်သန်တဲ့ ပရိသတ်တွေရဲ့ Troll ခြင်းကို ခံနေရပြန်ပါပြီ။


လတ်တလော Facebook မှာ တင်ခဲ့တဲ့ အောင်ရဲလင်းရဲ့ ပုံနဲ့ ဖြူဖြူထွေး ရဲ့ အက Videoထဲမှာ ဝတ်ဆင်ထားကြတဲ့ အင်္ကျိဟာ မတော်တဆ ဆင်တူသွားတာ ဖြစ်ပြီး စုံတွဲလိုလို ၊ ပရိသတ်တွေက စနောက်လိုက်ပြန်ပါတယ်။


အွန်လိုင်း မီဒီယာကနေ အက Video လေးတွေ တင်ရင်းနာမည်ကြီး လူသိများလာတဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာ ကြော်ငြာ၊ မော်ဒယ်လ်အဖြစ် သီချင်းတွေမှာလည်း သရုပ်ဆောင် အဖြစ် ပါဝင်နေပြီဖြစ်ပါတယ်။



သူမအနေနဲ့ အောင်မြင်ချင်တော့လည်း မတော်တဆ ကျောင်းကပွဲမှာ ဖျော်ဖြေခဲ့တဲ့ Video လေးကြောင့် လူသိများလာခဲ့ပြီး တကယ့်ကို ချက်ချင်းဆိုသလို အချိန်တိုလေးအတွင်း လူသိများလာခဲ့တာဖြစ်ပါတယ်။



မှတ်ချက်- မြန်မာလုတ်စာမျက်နှာထက်မှ တဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Comments

Popular posts from this blog

မသေခင် ဒိတ်သွားသင့်သော ကချင် ဆယ်လီ 10 ဦး

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗွီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီဖြစ်တဲ့ ငှက်ပျောသီး