ကျေနော်ကိုယ်တိုင်ပြောမှ ယုံပါ လို့.. ပြောလာတဲ့ ဖြိုးမြတ်အောင်

ကျနော်ကိုယ်တိုင်ပြောမှ ယုံပါဆိုတဲ့ ဖြိုးမြတ်အောင်

Myanmar Idol Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ လက်ရှိမှာ အားပေးမှု ပရိသတ်တွေ အခိုင်အမာနဲ့ အရမ်းကို အောင်မြင်တဲ့အနုပညာရှင် တယောက်ဖြစ်ဖို့ အစပျိုးနေပါပြီ။ ဒါကြောင့်လည်း ဝေဖန်တိုက်ခိုက်သူတွေ တဖြည်းဖြည်းနဲ့ များပြားလာပြီး တချို့ ဖြိုးမြတ်အောင်နဲ့ ပတ်သက်ပြီး ကောလဟာလဖြန့်တဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဖြိုးမြတ်အောင်ကတော့ သူ့ပရိသတ်တွေအနေနဲ့ အပြင်မှာ ပြန့်နေတဲ့သတင်းတွေကို မယုံဘဲ သူကိုယ်တိုင်ပြောမှသာ ယုံပါဟုမေတ္တာရပ်ခံလိုက်ပါတယ်။

ဖိုးမြတ်အောင်ကတော့ SJ နဲ့ အင်တာဗျူးမှာတော့ ကြော်ငြာရိုက်မယ့် ခံစားချက်နဲ့ ပတ်သက်ပြီး “လက်ရှိခံစားနေရတဲ့ ခံစားချက်ကတော့ ဦးစင်ရော်မောင်မောင်တို့နဲ့ ရိုက်ရမယ်ဆိုတော့ ပျော်ပါတယ်။ ဦးမောင်တို့ဆိုတာ တကယ်ကို ဆရာကြီးတွေပါ။ ဒီလိုဒါရိုက်တာကြီးတွေနဲ့ ရိုက်ရမယ်လို့တောင် မထင်ပါဘူး။ ပျော်ပါတယ်။ အရမ်းပျော်သလားဆိုတော့လည်း ကျွန်တော်ကို ပရိသတ်တွေအနေနဲ့ ပိုပြီးရင်းနှီးသွားအောင် ရိုက်လိုက်တာပါ။ တကယ်တော့ ကျွန်တော်သီချင်းပဲ ဆိုချင်တာပါ”

သီချင်းတွေနဲ့ ပတ်သက်ပြီး ဖြိုးမြတ်အောင်က “တကယ်တော့ သီချင်းအယ်လ်ဘမ် တစ်ခု လုပ်တော့မယ်ဆိုရင်တော့ အနည်းဆုံး ၁ နှစ်ကနေပြီးတော့ ၂ နှစ် ၃ နှစ်လောက်အထိကို ကြာပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်ပရိသတ်တွေအတွက် လာမယ့် ၁ လ ၂ လအတွင်းကြိုးစားနေတာပေါ့။ ပြီးရင်လည်း ပြီးမယ်ပေါ့။ သီချင်းတွေတော့ ကျွန်တော်ကြိတ်ပြီးစုနေတယ်။ သီချင်းရွေးချယ်မှုအပိုင်းမှာကတော့ နည်းနည်းအရေးကြီးတာပေါ့။ ကျွန်တော်ကလည်း သီချင်းတွေနဲ့ ပတ်သက်ရင် ဂျီးများတယ်။ တော်ရုံတန်ရုံသီချင်းလည်း သိပ်ပြီးတော့ မကြိုက်တတ်ဘူး။ ကိုယ်တိုင်တာဖြစ်မြောက်အောင် အများကြီးမရေးတတ်တာပါ”

“ရှေ့လျှောက်တော့ပွဲတွေရှိပါမယ်။ အနယ်နယ် အရပ်ရပ်က ကျွန်တော်ကို လာပြီးတောင်းဆိုကြတယ်။ ရှိုးပွဲဆိုတာထက် ကျွန်တော်လတ်တလော အဖြစ်ချင်ဆုံးကတော့ Solo Album ထွက်ချင်နေပါပြီ”


“ဘာသာရေးလုပ်ရတာကလည်း အရမ်းကိုအေးချမ်းပါတယ်။ ကျွန်တော့်အနေနဲ့ ခေါင်းတွေ အရမ်းကိုက်လာပြီး စိတ်ရှုပ်လာပြီဆိုရင်တော့ တောထဲတောင်ထဲသွားပြီးတော့ တရားထိုင် ပုတီးစိပ်လုပ်လိုက်ရင်တော့ ကျွန်တော် နည်းနည်း အေးချမ်းသွားပါတယ်။ ဘုရားနဲ့ပတ်သက်ပြီး လှူဖြစ်တာကတော့ ဝမ်းသာမိပါတယ်။ အလှူရှင်တွေကလည်းများတော့ ပိုပျော်ပါတယ်။ ကျွန်တော် အစကတော့ အလှူရှင်တွေကို Live လွှင့်ပြီးတော့ အသိပေးပါတယ်။ ပြီးတော့ လာများလှူပါ့မလားဆိုပြီးတော့ စိတ်တောင်ပူမိပါတယ်။ ကျွန်တော့် Page က Admin တွေ အကူအညီနဲ့ အလှူရှင်တွေရောက်လာပါတယ်။ အရမ်းပျော်ပါတယ်။ ပြောတော့ မပြောတတ်ပါဘူး။ ပီတိတော့ ဖြစ်ပါတယ်။ အားလုံးလည်း ကုသိုလ်ရတယ်လေ”

ပရိသတ်တွေကို အသိပေးချင်တာနဲ့ ပတ်သက်ပြီး ဖြိုးမြတ်အောင်က “ကျွန်တော့်ကို အားပေးတဲ့ မိသားစုတွေကို အဓိက ကျွန်တော်ပြောချင်တာကတော့ အပြင်မှာ တချို့အကြောင်းအရာတွေကို ကျွန်တော်ကြားရပါတယ်။ ကျွန်တော်လိုင်းမသုံးပေမဲ့လည်း ကြားပါတယ်။ တချို့တချို့သော အကြောင်းရာတွေကို သိပ်ပြီးတော့ မယုံကြပါနဲ့။ ကျွန်တော် ကိုယ်တိုင်ပြောမှပဲ ယုံပေးကြပါ။ ပြီးတော့ ကျွန်တော့် We Love Page တွေထဲက Admin တွေပြောတာကိုလည်း ယုံလို့ရပါတယ်။ အပြင်ကပြောတာတွေကို မယုံကြပါနဲ့။ ပြီးတော့ နောင်တချက်က သူများတွေကိုယ့်ကို တိုက်ခိုက်တာတွေ အခုချိန်ထိလည်း တိုက်ခိုက်နေကြတာပါပဲ။ သည်းခံပေးလိုက် လျစ်လျူရှုလိုက် ပြီးသွားမှာပဲ။သူတို့ မပြောနိုင်ရင် ရပ်သွားကြမှာပါပဲ။ ကျွန်တော့် ပရိသတ်တွေထဲက ဘာသာအသီးသီးရှိမယ်။ ဘာသာတရားတိုင်းကို သက်ဝင်ယုံကြည်ကြပါလို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

Credit – nanmalgyi

Comments

Popular posts from this blog

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗြိတိသျှ အင်္ဂလိပ်ခေတ် က မြန်မာပြည် ၌ ကောင်း ကင်ပျံကြွ တန်ခိုးပြခဲ့သည့် ဘုန်းကြီး

သား​လေးနဲ့အတူ အထာကျကျ ​လျှောက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး