ကမ္ဘာပေါ်က လူ့သက်တမ်းအတိုဆုံး နိုင်ငံများ
ကျွန်ေ တာ် တို့ငယ်ငယ်က
သေဆုံးသူအများစုရဲ့
သက်တမ်းတွေကိုကြည့်လိုက်ရင် ၈၀
ဝန်းကျင်တွေများပါတယ်။ နောက် ၂၀၁၀ ၀န်းကျင်ရောက်လာတော့ ၇၀ ၀န်းကျင်တွေ ဖြစ်ကုန်တယ်။ လက်ရှိအချိန်မှာတော့ သေဆုံးသူအများစုကို ကြည့်လိုက်ရင် ၆၀ ကျော်ကျော်တွေသာ ဖြစ်နေတာ အားလုံးအမြင်ပါပဲ။ သက်တမ်းတွေဟာ တဖြည်းဖြည်းယုတ်လျော့လာတဲ့အနေအထားပါ။ သက်တမ်းအမြင့်ဆုံး ကမ္ဘာ့နိုင်ငံတွေက လူတွေရဲ့သက်တမ်းကတော့ ၈၀ကျော် ၀န်းကျင်မှာ ရှိပါတယ်။ အဲဒီနိုင်ငံတွေကိုကြည့်လိုက်ရင် ချမ်းသာပြီးတော့ အေးချမ်းတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဂျပန်တို့ ဆွစ်ဇာလန် တို့လိုနိုင်ငံတွေပေါ့။ သက်တမ်းအတိုဆုံးနိုင်ငံတွေက လူတွေရဲ့သက်တမ်းကတော့ နှစ် ၅၀ ၀န်းကျင်သာ ရှိတယ်။ အဲဒီနိုင်ငံတွေက လူအများစုဟာ ၅၀ကျော် အရွယ်မှာတင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးကြရပါတယ်။
ဒီတစ်ခါ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း (၂၂၄)နိုင်ငံအနက်က လူ့သက်တမ်းအတိုဆုံး(၅)နိုင်ငံရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေအများစုရဲ့တူညီတဲ့အချက်က ဖွံဖြိုးမှုနောက်ကျပြီး အလွန်ဆင်းရဲတဲ့လူနေမှုဘဝတွေကို ပိုင်ဆိုင်ထားရတဲ့အချက်ပါပဲ။ ဒေသတွင်းမတည်ငြိမ်မှု၊ ဥပဒေစိုးမိုးမှုအားနည်း မှု ရဲ့နောက်ဆက်တွဲဖြစ်တဲ့ လူအဖွဲ့အစည်းတစ်ခုလုံးဟာ ဖရိုဖရဲနဲ့ပညာအသိညဏ် နည်းပါးစေမှု တွေဟာ နိုင်ငံသူ၊နိုင်ငံသားတွေကိုတိုက်ရိုက်ထိခိုက်စေတဲ့သဘောပါပဲ။ အဲဒီစာရင်းမှာ အာဖရိကတိုက်က(၄)နိုင်ငံနဲ့ အာရှတိုက်က(၁)နိုင်ငံပါဝင်နေပါတယ်။ အခုဖော်ပြမဲ့ နိုင်ငံတွေမှာရှိတဲ့ လူတွေရဲ့သက်တမ်းကတော့ ပျှမ်းမျှ(၅၂.၁)နှစ်ကနေ(၅၀.၆)နှစ် အကြားပဲရှိကြတာပါ။
(၅) Swaziland (၅၂.၁နှစ်)
အာဖရိကတိုက် မှာရှိတဲ့ Swaziland (Eswatini) နိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့သက်တမ်းဟာ ပျှမ်းမျှ အနေနဲ့ (၅၂.၁)နှစ်အတွင်းသာရှိတာမို့ သက်တမ်းအတိုဆုံးနိုင်ငံစာရင်းမှာ နံပါတ်(၅) နေရာကနေ ပါဝင်လာခဲ့ပါတယ်။ Swaziland နိုင်ငံက အမျိုးသားတွေဟာ အမျိုးသမီး တွေထက် အသက်ပိုရှည်လေ့ရှိကြပါတယ်။ ၂၀၁၆ခုနှစ်က ကမ္ဘာကျန်းမာရေးအဖွဲ့တွေ ရဲ့လေ့လာချက်အရတော့ Swazilandနိုင်ငံရဲ့ လူသက်တမ်းတိုရတဲ့ အဓိကအကြောင်း အရင်းတွေကတော့ HIV/AIDSရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရော ဂါတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ Swazilandနိုင်ငံဟာ အမေရိကန်အခြေစိုက် ကူညီထောက်ပံ့ရေးအေဂျင်စီတစ်ခုဖြစ်တဲ့ USAID အဖွဲ့ရဲ့ လူသားခြင်းစာနာခြင်း ဆိုင်ရာအကူအညီတွေကို ရရှိနေခဲ့ပြီး အထူးသဖြင့် HIV/AIDSရောဂါနဲ့ပတ်သတ် တဲ့ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ဒီအဖွဲ့ရဲ့ထောက်ပံ့မှုတွေဟာ အလွန်အားရစရာကောင်း နေခဲ့တာပါ။
USAID အဖွဲ့ကလည်း HIV/AIDSရောဂါတိုက်ဖျက်ရေးကို အဓိကလုပ်ငန်း အနေနဲ့သတ်မှတ်ပြီး လိင်ပိုင်းဆိုင်ရာပညာပေးအစီစဉ်တွေ၊ အမျိုးသမီးသားဆတ်ခြား လုပ်ငန်းတွေ၊HIV/AIDSရောဂါကာကွယ်ရေးပညာပေးအစီစဉ်တွေ၊HIV/AIDSရောဂါ ခံစားနေရသူတွေကိုပြန်လည်ထူထောင်ရေး/ကုသရေး လုပ်ငန်းစဉ်တွေမှာ အမေရိကန် ဒေါ်လာသန်းချီအသုံးပြုပြီး ဆွာဇီလန်နိုင်ငံရဲ့ HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နေတာပါ။ ဒါအပြင် USAID အဖွဲ့အနေနဲ့ AIDSရောဂါတိုက်ဖျက်ရေး လုပ်ငန်း စဉ်တွေကို အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကနေ ခွဲထွက်ပြီး ပိုမိုထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိရာ အာဖရိကဒေသတွင်းက အမေရိကန်အစိုးရရဲ့ မိတ်ဆွေနိုင်ငံ များနဲ့လည်းပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအားရစရာကောင်းတဲ့ နိုင်ငံတကာ အကူအညီတွေကြောင့် နောက်ပိုင်းကာလတွေမှာတော့ ဆွာဇီလန်နိုင်ငံလူဦးရေရဲ့ ပျှမ်းမျှသက်တမ်း (၅၂.၁)ကနေ တိုးတက်အောင်ဆောင်ရွက်နိုင်မယ်လို့ ကျွမ်းကျင်သူ တွေက ခန့်မှန်းခဲ့ကြပါတယ်။
(၄) Gabon (၅၂.၁နှစ်)
အာဖရိကတိုက်ကနိုင်ငံတစ်ခုဖြစ်တဲ့ Gabonနိုင်ငံရဲ့ ပျှမ်းမျှလူသက်တမ်းဟာ(၅၂.၁)နှစ် သာရှိတာမို့ ကမ္ဘာအသက်အတိုဆုံးနိုင်ငံစာရင်းမှာ နံပါတ်(၄)နေရာကနေ ရပ်တည် နေခဲ့တာပါ။ Gabonနိုင်ငံရဲ့ ကျန်းမာရေးအခြေအနေဟာ ယုတ်လျော့နေပေမဲ့ စီးပွားရေး ပိုင်းမှာတော့ အလယ်အလတ်အတန်းစားနိုင်ငံတစ်ခု အနေနဲ့ရပ်တည်နိုင်ခဲ့ပါတယ်။ Gabonနိုင်ငံဟာ ရေနံတွင်းများစွာရှိနေတဲ့ဒေသဖြစ်ပြီး နိုင်ငံသားအများစုဟာ ရေနံမြေ လုပ်သားတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ အဓိကရေနံလုပ်ငန်းကတော့ အစိုးရနဲ့ လုပ် ငန်းရှင်တွေကသာ ထိန်းချုပ်ထားတာကြောင့် ရေနံမြေလုပ်သားများပြားပါတယ်။
နိုင်ငံသားအများစုဟာရေနံ တူးဖော်တဲ့လုပ်ငန်းကိုပဲ အာရုံစိုက်လုပ်ကိုင်ကြတာကြောင့် မလိုလားအပ်တဲ့ နှလုံး၊အသက်ရှူလမ်းကြောင်းနဲ့ပတ်သတ်တဲ့ ရောဂါများစွာခံစား နေရတာပါ။နိုင်ငံတကာရဲ့ ကျန်းမာရေးစောင့်ရှောက် အကူအညီပေးရေးလုပ်ငန်း တွေကိုလာရောက်လုပ်ကိုင်ပေမဲ့ အစိုးရကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်ရေး အပိုင်းမှာ အားနည်းနေခဲ့တာပါ။ ဒါအပြင် HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်းဟာလည်း အလွန်များပြားတာကြောင့် ဂါဘွန်နိုင်ငံရဲ့ လူသက်တမ်းကိုထိခိုက်စေတာပါ။ အထက်ပါ ဖော်ပြတဲ့ အဓိကဖြစ်စဉ်(၂)ရပ်က ဂါဘွန်နိုင်ငံသူ/သားတွေကို အချိန်မတန်ခင် သေဆုံးစေခဲ့ရတာပါ။
(၃) Afghanistan (၅၁.၇)နှစ်
အာရှတိုက်မှာရှိတဲ့ အာဖဂန်နစ်စတန်နိုင်ငံကတော့ ဒီစာရင်းမှာပါဝင်လာတဲ့ အာဖရိကတိုက် ကမဟုတ်တဲ့ တတိယမြောက်လူသက်တမ်းအတိုဆုံးနိုင်ငံဖြစ်ပါတယ်။ အမေရိကန်နဲ့ အိုစမာဘင်လာဒင်ခေါင်းဆောင်တဲ့ အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့တွေရဲ့ စစ်တလင်းဖြစ်ခဲ့တဲ့ ဒီနိုင်ငံဟာ မူလကတည်းက ဆင်းရဲနွမ်းပါးပြီး ရောဂါဘယထူပြောလွန်းတဲ့နိုင်ငံဖြစ်ပါတယ်။ အာဖဂန် နိုင်ငံရဲ့လူသက်တမ်းဟာ (၅၁.၇)နှစ်သာရှိပြီး အမေရိကန်အခြေစိုက် ထောက်ပံ့ကူညီ ရေးအဖွဲ့ USAIDရဲ့ ဆောင်ရွက်ချက်တွေကြောင့်တော့ မကြာခင်ဒီလိုဆိုးရွားတဲ့ဖြစ်စဉ် တွေကို လျော့ချနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။
USAID အဖွဲ့ဟာအမေရိကန်အစိုးရရဲ့အထူးအစီစဉ် အနေနဲ့ ဒီနိုင်ငံရဲ့ထူထောင်ရေးအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကို၂၀၁၆ခုနှစ် ကနေစပြီးအရှိန် မြှင့်တင်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါအပြင် အခြားအလှူရှင်နိုင် ငံတွေနဲ့ပူးပေါင်းပြီး အဟာရချို့တဲ့နေတဲ့ ဖြစ်စဉ်တွေကိုလျော့ချဖို့နဲ့အစားအစာနဲ့ ရေဖူ လုံစွာရရှိနိုင်ရေး စီမံချက်တစ်ခုကို လည်းလက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိနေတာပါ။ ဒါအပြင် အခြေခံ ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေကနေ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလောက်တဲ့အထိ အဓိကတာဝန်ယူ ဆောင်ရွက် နေတဲ့ အမေရိကန်အစိုးရကြောင့် မကြာခင်ကာလမှာတော့ အာဖဂန်ဟာ ဒီစာရင်းက နေထွက်သွားနိုင်တော့မှာပါ။
(၂) Guinea-Bissau (၅၁)နှစ်
ပျှမ်းမျှလူသက်တမ်း (၅၁)နှစ်ရှိတဲ့ Guinea-Bissau ကမ္ဘာပေါ်မှာ ဒုတိယမြောတ် လူ့သက်တမ်းအတိုဆုံးနိုင်ငံဖြစ်ပါတယ်။Aid for Africa အဖွဲ့ပညာရေး၊ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ သားရဲတိရိစ္ဆာန်ကာကွယ်ရေး လုပ်ငန်းစဉ်တွေ ကို Guinea-Bissauနိုင်ငံမှာကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေတာဖြစ်ပြီး အောင်မြင်မှု တွေလည်းရရှိနေပါတယ်။
Aid for Africa အဖွဲ့ရဲ့ Tostan လို့အမည်ပေးထားတဲ့စီမံချက်နဲ့နိုင်ငံရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုမြှင့်တင်ရေး၊ လူအခွင့်အရေး၊ လူမျိုးရေးပရိပက္ခထိန်းသိမ်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အခြေခံကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု လုပ်ငန်းတွေကို တိုးတက်အောင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဆင်းရဲမွဲတေမှု၊ဒေသတွင်းမငြိမ်မသက်မှု၊ ရောဂါဘယထူပျောမှု၊ ရာသီဥတုအခြေအနေ ဆိုးရွားမှုတွေ ဖိစီးနှိပ်စက်နေတဲ့ Guinea-Bissauနိုင်ငံဟာ အထက်မှာဖော်ပြခဲ့တဲ့ စီမံချက်တွေကို အောင်မြင်အောင်ဆောင်ရွက် နိုင်ခဲ့ရင်တော့ ဒီဆိုးရွားတဲ့စာရင်းမှာပါဝင်နေမျာ မဟုတ်တော့ပါဘူး။
(၁) Chad (၅၀.၆)နှစ်
အလယ်အာဖရိကတိုက်မှာရှိတဲ့ Chad သမ္မတနိုင်ငံရဲ့ ပျှမ်းမျှလူသက် တမ်းဟာ (၅၀.၆)နှစ်သာရှိတာကြောင့် ကမ္ဘာပေါ်မှာ အသက်အတိုဆုံးသောနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ Chadနိုင်ငံဟာ ဒီလိုအဆိုးရွားဆုံးသောစာရင်းမှာ နံပါတ်(၁)နေရာ ကနေဖော်ပြခံခဲ့ရတဲ့အကြောင်းရင်းကတော့ ဒီနိုင်ငံဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့စို့ အရွယ်ကလေးသေဆုံးမှုမှာ ကမ္ဘာပေါ်မှာအများဆုံးဆိုတဲ့ အချက်ကြောင့်ပါ။ ဒါအပြင် အခြားငတ်မွတ်ခေါင်းပါးမှု၊ HIV/AIDS ရောဂါအပါအဝင် အခြားကူးစက်ရောဂါတွေ ကလည်း ဆိုးဆိုးရွားရွားဖိစီးနှိပ်စက်ခြင်းခံနေရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အမေရိကန် အခြေစိုက် USAIDအဖွဲ့ကလည်း ဒီနိုင်ငံရဲ့ ပညာရေး၊ကျန်းမာရေး ဖွံဖြိုးရေးအတွက် အဓိကနေရာကနေ နိုင်ငံတကာနဲံပေါင်းစပ်ဆောင်ရွက်လျက်ရှိပါတယ်။
ဒါအပြင် ကမ္ဘာ ကုလသမဂ္ဂအဖွဲ့ရဲ့ အစားအသောက်ဖူလုံရေးအစီအစဉ်တွေနဲ့ ပေါင်းစပ်ထားတဲ့ Working together ဆိုတဲ့ စီမံချက်အရ အစားအစာ၊ဆေးဝါးနဲ့ကျန်းမာရေးအသိ ပညာပေးလုပ်ငန်းတွေကို Chadနိုင်ငံတစ်ဝှမ်း ဆောင်ရွက်လျက်ရှိနေပါတယ်။ ဒီလုပ် ငန်းတွေရဲ့ ကုန်ကျစရိတ်ဟာများပြားတာမို့ ကမ္ဘာအလှူရှင်နိုင်ငံတွေကလည်း ခွဲဝေ ကျခံပေးပါတယ်။ ဒါအပြင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အစိုးရပေါင်းစပ်ထားတဲ့ ယခုနှစ်(၂၀၁၈)ခုနှစ်ကစတင်ဆောင်ရွက်ခဲ့တဲ့ အစားအသောက်နဲ့ရေကူညီရေးအစီအစဉ်တွေ၊ နိုင်ငံရဲ့ အဓိကစိုက်ပျိုးရေးလုပ်ငန်းနယ်မြေတွေ ရှင်သန်ဖွံဖြိုးရေးအစီ အစဉ်တွေ၊ပညာရေးကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေ ကနေ Chadနိုင်ငံသားတွေကို ထောက်ပံ့လျက်ရှိပါတယ်။ ဖော်ပြခဲ့တဲ့ အစီအစဉ်တွေပြီးမြောတ်အောင်မြင်ခဲ့ရင်တော့ Chadနိုင်ငံရဲ့ပုံရိပ်ဟာ ဒီမှတ်တမ်းဆိုးကနေ ရုန်းထွက်နိုင်ပါလိမ့်မယ်။
ကမ္ဘာပေါ်မျာရှိတဲ့ နိုင်ငံအသီးသီးက လူတွေရဲ့ပျှမ်းမျှသက်တမ်းဟာ တိုးတက်လျက်ရှိ နေပေမယ့် တချို့နိုင်ငံတွေကတော့ ဒီထက်ပိုမဆိုးအောင်ပဲ ကျားကန် ကန်နေရတဲ့ အခြေအနေမှာရှိနေသေးပါတယ်။ ဒီနိုင်ငံတွေရဲ့ အရေးကိစ္စဟာ နိုင်ငံတကာ ကဝိုင်းဝန်းအဖြေရှာမှသာ အောင်မြင်နိုင်မယ့် အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ဒီဒေသတွေမှာ လက်ရှိလုပ်ကိုင်နေတဲ့ ပညာရေး၊ကျန်းမာရေးဆိုင်ရာ မြှင့်တင်နေတဲ့ အဖွဲ့တွေရဲ့ ဘုံရည်မှန်းချက်တွေပြီးမြောတ် အောင်မြင်ဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေရဲ့သက်တမ်းကို ပြောတာဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ပျမ်းမျှသက်တမ်းကိုလည်း သိချင်ကြမှာပါ။ ၂၀၁၅ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စစ်တမ်းအရ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပျမ်းမျှသက်တမ်းဟာ ၆၆.၆နှစ် နဲ့ ကမ္ဘာ့အဆင့် ၁၂၉မှာ ရပ်တည်နေပါတယ်။ အမျိုးသမီးတွေရဲ့သက်တမ်းကတော့ ၆၈.၅ နှစ်ဖြစ်ပြီး အမျိုးသားတွေရဲ့သက်တမ်းကတော့ ၆၄.၆နှစ် ဖြစ်ပါတယ်။ ဘာကြောင့် သက်တမ်းတွေ ဒီလောက်တိုသွားတယ်လို့ မိတ်ဆွေထင်ပါသလဲ…..
——————-
thutazone.net
Comments
Post a Comment