ဖြိုးမြတ်အောင်လှူမယ့် ဘုရားထီးတော်မှာ စိန်ဖူးတော်တွေလှူမယ့် မိုးကုတ်မှပရိသတ်များ
Myanmar Idol Season 3 Winner ဆုရှင် ဖြိုးမြတ်အောင်က သူလှူမယ့် ဘုရားထီးတော်မှာ စိန်ဖူးတော်လှူမယ့်အပြင် အရံစေတီ ၈ဆူအတွက်ပါ စိန်ဖူးတော် လှူမယ့် မိုးကုတ်မှ သူ့ရဲ့ပရိသတ်တွေပေါ်ထွက်ခဲ့ပါတယ်။ မိုးကုတ်မှ ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေက ဟင်္သာတမြို့အထိ ဖြိုးမြတ်အောင်ကိုလာရောက်တွေ့ဆုံကြတာပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က သူ့ရဲ့ မိုးကုတ်မှ ပရိသတ်တွေကို မမကိုချစ်တယ် ဆိုတဲ့သီချင်းကို ကားပေါ်မှာဆိုပြခဲ့တာပဲ ဖြစ်ပါတယ်။ရဲ့ ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင်ရဲ့ ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
ဖြိုးမြတ်အောင် လှူမယ့် ဘုရားထီးတော်မှာ စိန်ဖူးတော်လှူမယ့်အပြင် အရံစေတီ ၈ဆူအတွက်ကိုပါ လှူမယ့်အလှူရှင်တွေပေါ်ထွက်ခဲ့ပါပြီ။ အလှူရှင်တွေကတော့ ဖြိုးမြတ်အောင်ရဲ့ မိုးကုတ်မှပရိသတ်တွေပဲဖြစ်ပါတယ်။
ဖြိုးမြတ်အောင်ရဲ့ မိုးကုတ်မှ ပရိသတ်တွေက ဟင်္သာတမြို့အထိလာရောက်ပြီး ဖြိုးမြတ်အောင်နဲ့တွေ့ဆုံခဲ့ပြီး သူတို့ချစ်တဲ့ ဖြိုးမြတ်အောင်ကို သီချင်းတစ်ပုဒ်သီဆိုပေးရန်တောင်းဆိုခဲ့တဲ့အတွက် မမကိုချစ်တယ်သီချင်းကို ဆိုပြခဲ့တာပဲ ဖြစ်ပါတယ်။
ဖြိုးမြတ်အောင်ကို လာတွေ့ကြတဲ့ မိုးကုတ်ကပရိသတ်များ
ဖြိုးမြတ်အောင်က ခုဆိုရင်ကြော်ငြာတွေရိုက်ကူးနေပြီဖြစ်ပြီး ကြော်ငြာခ စက္ကန့်၄၀ ကို သိန်း၆၀ ရနေပါပြီ။
Comments
Post a Comment