ကြည့်ရှု သူ သန်းကျော် သွား တဲ့ ဖိလစ်ပိုင် က မော င်နှမ (၃) ယောက်ရဲ့ အက ဗီဒီယိုဖိုင် အသစ်


ဖီလစ်ပို င်ကနေ

တကမ္ဘာလုံးကလူတွေ

စိတ်ဝင်စားရတဲ့ အကလေးတွေ

ထုတ်လွှင့်ပေးတတ်တဲ့

မောင်နှမနှစ်ယောက်ကတော့ ဖန်တီးမှုအသစ်တွေကို ထပ်မံပြသလာခဲ့ပါပြီ။


ထိုမောင်နှမနှစ်ယောက်လုံးကတော့ အကကရာမှာ ကျွမ်းကျင်သူတွေဖြစ်ရုံသာမက စွဲမက်စရာကောင်းတဲ့ ရုပ်ရည်လေးတွေကိုလည်း ပိုင်ဆိုင်ထားသူလေးတွေပဲဖြစ်ပါတယ်။



ဒီတစ်ခေါက်မှာဆိုရင်လည်း သူတို့မောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ ညီမလေးနဲ့အတူ အိမ်အတွင်းမှာ ပျော်ရွှင်စရာလေးတွေဖန်တီးမှုကို လူမှုကွန်ယက်မှာဖော်ပြလာခဲ့ပါတယ်။


ထိုဗီဒီယိုလေးထဲမှာဆိုရင်တော့ သူတို့မောင်နှမ သုံးယောက်ရဲ့ တစ်ယောက်အပေါ်ထားရှိတဲ့ သံယောဇဉ်တွေ အတူတူပူးပေါင်းဆောင်ရွက်မှုတွေကို ပရိသတ်တွေမြင့်တွေ့ရမှာပါ ။


အိမ်တွင်းက ရေကန်လေးထဲမှာ လိမ္မော်သီပါတီ လေးတစ်ခုဖန်တီးကာ အတူတူပျော်မြူးနေကြပုံလေးကတော့ တကယ့်ကို ကြည်နူးစရာကောင်းလှပါတယ်။


သူတို့မောင်နှမတွေရဲ့ ယခုဗီဒီယိုလေးဟာဆိုရင်တော့ ကြည်နူးဖို့ကောင်းလှသလို ညီအစ်ကိုမောင်နှမတွေနဲ့ ဝေးကွာနေရသူတွေအတွက်ဆိုရင်လည်း အင်မတန်အားကျစရာကောင်းလှပါတယ်။


ဗီဒီယိုလေးကိုပါ ထည့်သွင်းဖော်ပြပေးထားတာဖြစ်လို့ ပရိသတ်တွေအနေနဲ့ ကြည့်ပြီးသွားပြီဆိုရင် ပရိသတ်တွေမှာရော သူတို့လို တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့ ညီအစ်ကို မောင်နှမတွေပိုင်ဆိုင်ထားပြီလားဆိုတာ ပြောပြခဲ့ကြဦးနော်။

video ကြည့်ရန်


Comments

Popular posts from this blog

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗြိတိသျှ အင်္ဂလိပ်ခေတ် က မြန်မာပြည် ၌ ကောင်း ကင်ပျံကြွ တန်ခိုးပြခဲ့သည့် ဘုန်းကြီး

သား​လေးနဲ့အတူ အထာကျကျ ​လျှောက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး