ဘာမှမကျွေးတဲ့ မေမေကို ဆန္ဒပြလိုက်တဲ့ အေသင်ရဲ့ ချစ်စရာသမီးလေး Ivy
နိုင်ငံကျော် အဆိုတော် အေသင်ချိုဆွေဟာဆိုရင် ” တင်းတယ် ” သင်္ကြန်သီချင်းနဲ့ ” ပေါက်တဲ့အိုး ” တေးစီးရီးကနေ လူသိများပြားလာပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရယူပိုင်ဆိုင်ထားရှိခဲ့တဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ရပ်နားထားပြီးမှ ပြန်လည်ပေါ်ထွက်လာခဲ့တဲ့ သူမဟာဆိုရင် ယခုအချိန်မှာလည်း ” အသည်းကွဲ သီချင်းတွေ မဆိုတော့ဘူး” ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ပြန်လည်နေရာ ယူထားနိုင်ခဲ့ပြန်တာပဲ ဖြစ်ပါတယ်။ ယခုဆိုရင် အေသင်က ချစ်စရာသမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မေမေတစ်ယောက်ဖြစ်လာပြီ ဖြစ်တာကြောင့် အမောပြေချစ်သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေကြား ချပြပေးနေခဲ့တာပဲဖြစ်ပါတယ်။
မေမေက ချစ်စရာကောင်းတဲ့ သမီးလေးအကြောင်းကို “ဪ ခလေးကို မေမေ က ဘာမှ မကျွေးဘူးဆိုတော့ ကြည့်ဦး ဒီဇိုင်းကာလာအနေအထားကို
သမီးလေးဟာ မကြာသေးတဲ့ ရက်ပိုင်းအတွင်းကမှ ၁နှစ် ပြည့်ခဲ့တာဖြစ်ပြီး ” Ivy လေးရဲ့ ၁နှစ်ပြည့် မွေးနေ့အလှူအဖြစ် ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာမှာ မွေးနေ့အလှူအဖြစ် ” အလှူအတန်းလေးတွေနဲ့ ပြုလုပ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အေသင် သမီးလေးရဲ့ ချစ်စရာအလှပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်။
မျက်လုံးမျက်တောင် အရမ်းလှပြီး ဗိုလ်မရုပ်လေးတစ်ရုပ်လို ချစ်စရာအရမ်းကောင်းနေတဲ့ အေသင်သမီး Ivy လေးရဲ့ အလှပုံရိပ်
မေ့မေ့ အမောပြေဆိုတာ ဒါမျိုးလေးများလားကွယ် ချစ်ဖို့ကောင်းလိုက်တာ Ivyလေးရယ်
အားးး ရတော့ဘူး ဆံပင်တွေ အရမ်းရှည်သွားပြီဆိုပြီး မေမေရဲ့လက်ချက်ကြောင့် ချစ်သမီးလေးဆံပင်ရှည်သွားတဲ့ ပုံလေးတွေတင်ပေးလိုက်တဲ့မေမေအေသင်ချိုဆွေ
သမီးလေးအတွက် မိခင်ကောင်းတစ်ယောက်ပီသစွာ မားမားရပ်တည်ပေးခဲ့တဲ့ အေသင်ရဲ့ စိတ်ဓာတ်လေးကတော့ လေးစားအားကျဖို့ ကောင်းလွန်းလှပါတယ်။ အေသင် သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် ပရိသတ်ကြီးက Share ပြီး မျှဝေပေးလိုက်ကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
Ref : Athen Cho Swe’s Facebook
Comments
Post a Comment