ဝါရင့်သရုပ်ဆောင် ဒေါ်စံပယ်ဆီသို့ အလှူငွေ သွားလှူခဲ့တဲ့ နေယံ


သရုပ်ဆောင် နေယံက ဒီနေ့မှာ နှလုံးရောဂါခံစားနေရတဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီသို့ ဆေးဖိုးအတွက် အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မိတ်ဆွေများလည်း သွားရောက်လှူဒါန်းပေးကြဖို့ နေယံက လှုံ့ဆော်ထားပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီကို သရုပ်ဆောင် နေယံနဲ့ သူငယ်ချင်းများက ဆေးဖိုးအတွက် အလှူငွေ သွားလှူခဲ့တယ်လို့ သိရပါတယ်။ နေယံနဲ့ သူငယ်ချင်းများက ဒီနေ့(သြဂုတ်လ၂၉ရက်)က သူငယ်ချင်းများနဲ့အတူ နှလုံးရောဂါ ခံစားနေရတဲ့ သရုပ်ဆောင် ဒေါ်စံပယ်ဆီ သွားရောက်ကာ အလှူငွေ (၄)သိန်းကျော် ကို သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

“အမေများအဖွဲ့မှ ဝါရင့်သရုပ်ဆောင် အမေဒေါ်စပါယ်ကိုကျွန်တော်ရဲ့မိတ်ဆွေများအလှူငွေနဲ့ ကျွန်တော်နိုင်သလောက် ငွေတို့ကိုအကူညီ သွားပေး ။အရင်တုန်းကတော့ရုပ်ရှင်ကားတွေရိုက်ရတာအဆင်ပြေတာပေါ့ အခုအချိန်အခါတွင် တကယ်ကိုအဆင်မပြေမှုတွေ နဲ့အခုလက်ရှိ နုလုံးရောဂါရနေသော အမေဒေါ်စပါယ် သည် ရောဂါဝေဒနာများခံစားနေရပါတယ်” ဆိုပြီး နေယံက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၂၉) ရက်နေ့ကရေးသားထားပါတယ်။

(၁၀)ပေ ပတ်လည် အိမ်လေးထဲမှာ အသက်(၈၇) နှစ် ရှိပြီဖြစ်တဲ့ အဖေအိုကြီးနဲ့ ဒေါ်စံပယ်တို့အတူတူနေထိုင်နေတာဖြစ်တယ်လို့ နေယံက ပြောပြထားပါသေးတယ်။ ရေချိုးခန်း၊အိမ်သာကို အများနဲ့ စုသုံးရတာကြည့်ပြီး နေယံလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

အဲ့ဒါကြောင့် လှူဒါန်းလိုတဲ့ အလှူရှင်များ ရှိတယ်ဆိုရင်လည်း “မင်္ဂလာလမ်း – အိမ်အမှတ်-၁၇၆၊ မြောက်ဥက္ကာလာမြို့နယ်။ ပုရွက်စိပ် ကုန်းဘူ တာနောက်ကျော့ဖက်- အ-လ-က (၂၃)ကျောင်းအနီး အမေဒေါ်စပါယ် ဖခင် ဦးမြသန်း ကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်သော ဖုန်း – 09425297048 / 09260754073” ဆိုပြီး ဆက်သွယ်လှူဒါန်းပေးဖို့အတွက်ကိုလည်းတောင်းဆိုထားပါသေးတယ်

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်လည်း အွန်လိုင်း စာမျက်နှာပေါ်မှာ ဒေါ်စံပယ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ ပြန့်လို့နေခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်စံပယ်က Duwun Media ကို ယခုလို ဖြေဆိုပေးခဲ့ပါတယ်။

“အမေဘာမှမဖြစ်ပါဘူး။ ယခုလက်ရှိ ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ဗမာဆေးဆရာနဲ့ ကုနေတယ်။ဆရာတွေက လေ့ကျင့်ခန်း လုပ်ဖို့ ပြောတယ်။ လုပ်လည်း လုပ်နေပါတယ်။နှလုံးစက်တပ်ဖို့ကလည်း ဆရာဝန်တွေက ဘာမှမပြောသေး ပါဘူး။အမေဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့။ အမေအသက်ရှင်နေပါတယ်” လို့ Duwun Media သို့ဖြေဆိုပေးခဲ့ပါတယ်။

နေယံဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေထက် စီးပွားရေးဘက်ကို ပိုပြီး ဦးစားပေး လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ဆယ်တန်းအရွယ် လောက်ကတည်းက စီးပွားရေးနဲ့ မစိမ်းတဲ့ နေယံက စီးပွားရေးကို ဝါသနာပါရာက အခုဆို တစိုက်မတ်မတ်လုပ်ဖြစ်သွားတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းအနေနဲ့ ယောက်ျားလေး ဖက်ရှင်ဆိုင်တွေ ဖွင့်ထားပြီး ဖက်ရှင်ဆိုင်ခွဲတွေလည်း ထပ်ပြီး ဖွင့်လှစ်သွားချင်တယ်လို့ယခင်က အင်တာဗျူးတွေမှာဖြေဆိုဖူးထားပါတယ်။

Comments

Popular posts from this blog

မသေခင် ဒိတ်သွားသင့်သော ကချင် ဆယ်လီ 10 ဦး

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗွီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီဖြစ်တဲ့ ငှက်ပျောသီး