အရေးပေါ်သတင်း..ဆွာချောင်းတမံ ကျိုးမှုကြောင့် ရေအလုံးလိုက်ဝင်ရောက် ရွာတွေကလူတွေ ထွက်ပြေးနေရ
ယနေ့ နံနက် ဆွာချောင်းတမံ ရေပိုလွဲ ဆည်အတွင်းဘက် နံရံပြိုကျ ဆွာချောင်းတစ်လျောက်ရေများ လုံးဆင်းလာနေ၍ ကျေးရွာများရှိ ဒေသခံများ ရေလွှတ်ရာသို့ အမြန် ဆုံး ပြောင်း ရွှေ့ကြရန် နိုးဆော်ပါသည် ကျွန်းတောစု ဥယျာဉ်မှူး နှင့် ချောင်းတစ်လျောက်ကျေးရွာများ ရေဝင်နစ်မြုပ်နေပြီဖြစ်ပါသည်
#အရေးပေါ်အခြေအနေ
ဆွာချောင်းတမံ ရေပိုလွဲ ဆည်အတွင်းဘက် နံရံပြိုကျမှုကြောင့် ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာသို့အရေးပေါ်ပြောင်းရွှေ့
ပဲခူးတိုင်းဒေသကြီး၊ဆွာမြို့ရှိ ဆွာချောင်းတမံရေပိုလွှဲဆည်အတွင်း နံရံပြိုကျမှုကြောင့် ဒေသခံတစ်ထာင်ကျော်ခန့် ရေးဘေးလွတ်ရာသို့အရေးပေါ်ပြောင်းရွှေ့နေရကြောင်းBNA၏နယ်ခံသတင်းထောက်ကပေးပို့သည်။
”ဆွာချောင်းတမံ ရေပိုလွဲ ဆည်အတွင်းဘက် နံရံကပြိုကျတဲ့အတွက် ရေတွေကချက်ချင်းဆိုသလိုပဲ ရွာတွေထဲကို ဝင်တဲ့အတွက် ဒေသခံတွေအနေနဲ့ရေဘေးလွတ်တဲ့နေရာကို အရေးပေါ်ပြောင်းရွှေ့နေကျပါတယ်”ဟု သိုင်းဝကျေးရွာနေဒေသခံတစ်ဦးေပြောကြားသည်
ယနေ့သြဂုတ် ၂၉ရက် နံနက် ၆နာရီအချိန်ခန့်တွင် ဆွာချောင်းတမံ ရေပိုလွဲ ဆည်အတွင်းဘက်သည် ရာသီဥတုဒဏ်ကြောင့် ပြိုကျမှုဖြစ်ပွားခဲ့သည့်အတွက်ကုန်ကြီးကျေးရွာ။အမတ်ခုံကျေးရွာ။ထန်းကုန်းကျေးရွာ။ကွင်းကြီးကျေးရွာ။သိုင်းဝကျေးရွာ။မှန်စီကျေးရွာအပါအဝင် ကျေးရွာ ၈ ခန့်သို့ရေစီးဝင်လျက်ရှိကြောင်းသိရသည်။
photo -FB
#အရေးပေါ်အခြေအနေ
ဆွာချောင်းတမံ ကျိုးမှုကြောင့် အမြန်လမ်း ၁၆၅/၁ မှာရှိတဲ့ ဆွာချောင်းတံတားလည်း ကျိုးတော့မယ့်အခြေအနေမြင်ရပုံပါ..
လက်ရှိ မျက်မြင်ကို ရွာ (၄) ရွာထက်မနည်း ကျွတ်ပါသွားပြီး ရွာ ၁၀၀ အနည်းဆုံး ပါလိမ့်မယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။
ရေလမ်းကြောင်းက ရေတာရှည် ဆွာ တောင်ငူ အားလုံး ရေဖုံးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
နံနက် (၆) နာရီလောက်က စပြီး တမံက ရေတွေ ရောက်လာတာလို့ သိရပါတယ်။
လူအသေအပျောက်စာရင်းမသိရသေးပါဘူး။
ရန်ကုန်ကို လူနာသွားပို့တဲ့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းက ကိုကျော်ကျော်ထွန်း သတင်းပေးပို့တာပါ။
Credit – tawthu
Comments
Post a Comment