ခိုင်သင်းကြည်ကို မမအသက်ဘယ်လောက်လဲ လို့ မေးလိုက်တဲ့ ထိပ်ထားသခင်


ခ သုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးမှာ ကလေးသရုပ်ဆောင်တစ်ဦးရွေးချယ်ခြင်းခံလိုက်ရတဲ့ ပရိသတ်တွေရဲ့ အချစ်တော် ထိပ်ထားသခင်ဟာဆိုရင် အပျော် video ရိုက်ရာမှာ ကြော်ငြာတွေစရိုက်ရပြီး ခုဆိုရင် ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးက ကလေးသရုပ်ဆောင်အဖြစ်ပါရွေးချယ်လိုက်ပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ထိပ်ထားသခင်ရဲ့ ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။


ထိပ်ထားသခင်က ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးမှ သရုပ်ဆောင်အသစ်ရွေးတဲ့ ဒိုင်တွေဖြစ်ကြတဲ့ ခန့်စည်သူ ၊ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်နဲ့ နေခြည်ဦးတို့နဲ့ တွေ့ဆုံခဲ့တာပါ။ ဒိုင်လေးဦးနဲ့ ထိပ်ထားသခင်တွေ့ကြတဲ့အခါမှာတော့ ထိပ်ထားသခင်ရဲ့ တော်ကီအောက်မှာ မြောသွားကြသူတွေကတော့ ခန့်စည်သူနဲ့ ခိုင်သင်းကြည်ပဲဖြစ်ပါတယ်။


ရိုက်ကူးရေးကို ငပလီမှာသွားရိုက်ရမှာဖြစ်တဲ့အတွက် ခန့်စည်သူက ၄နှစ်မပြည့်သေးတဲ့ ထိပ်ထားသခင်ကို ငပလီရောက်ဖူးလားမေးလိုက်တဲ့အခါမှာ ” ရောက်ဖူးတာပေါ့ သမီးငယ်ငယ်လေးကရောက်ဖူးတယ်” လို့ပြန်ဖြေလို့ ၄နှစ်ကလေးက သူငယ်ငယ်လေးကရောက်ဖူးတယ် ဆိုလို့ ခန့်စည်သူတစ်ယောက် သဘောတွေကျနေလေရဲ့


ခိုင်သင်းကြည်ကိုလည်း စစတွေ့ချင်းမှာပဲ မမကအသက်ဘယ်လောက်လဲလို့မေးလိုက်လို့ အံဩပြီး တတ်လိုက်တဲ့ကလေးဆို ပြီး ချီးကျူးနေတာပဲဖြစ်ပါတယ်။


နေခြည်ဦးနဲ့လည်း အပြန်အလှန်စကားတွေပြောပြီးသဘောတွေကျနေတာပါ


ခုဆိုရင် ပရိသတ်တွေရဲ့ အချစ်တော် ထိပ်ထားသခင်ကတော့ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ လက်တွဲပြီး ကလေးသရုပ်ဆောင်လုပ်တော့မှာပဲ ဖြစ်ပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ် ကြီးကလည်း ထိပ်ထားသခင်လေးကို ပိုချစ်ပေးကြပါဦးနော်။

Moekalay
Source;kha thone lone

Comments

Popular posts from this blog

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗြိတိသျှ အင်္ဂလိပ်ခေတ် က မြန်မာပြည် ၌ ကောင်း ကင်ပျံကြွ တန်ခိုးပြခဲ့သည့် ဘုန်းကြီး

သား​လေးနဲ့အတူ အထာကျကျ ​လျှောက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး