သား​လေးနဲ့အတူ အထာကျကျ ​လျှောက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး


ပရိသတ်​​တွေအရမ်းချစ်​ခင်​ကြတဲ့ ဝါရင့်​သရုပ်​​ဆောင်​ကြီး အကယ်​ဒမီလွင်​မိုးရဲ့ ချစ်​မဝတဲ့သမီးကြီး ယွန်းဝတီလွင်​မိုးက​တော့ လတ်​တ​လောမှာ ခင်​ပွန်းဖြစ်​သူနဲ့အတူ သြစ​တေးလျမှာ ​နေထိုင်​​နေတာပဲ ဖြစ်​ပါတယ်​။ ပြီးခဲ့တဲ့ သြဂုတ်​လ ၆ရက်​ တနင်္လာ​နေ့က သားဦး​ရတနာ​လေးကို ​မွေးဖွားခဲ့တဲ့ ​ခေး​လေးယွန်းက​တော့ ဒီ​နေ့​လေးမှာ သူမရဲ့သား​လေးနဲ့ အပြင်​ထွက်​လည်​​နေတဲ့ပုံရိပ်​​လေး​တွေကို အင်​စတာဂရမ်​​ပေါ်မှာ ​ဝေမျှထားခဲ့တာပါ။ ချစ်​ပရိသတ်​​တွေအတွက်​ သားသား​လေးနဲ့အတူ အထာကျကျထွက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး​လေးရဲ့ ပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။



ဘယ်​အချိန်​ကြည့်​ကြည့်​ ဖက်​ရှင်​ကျပြီး လန်း​နေသူ​လေး ယွန်း



ချစ်​ရသူနဲ့အတူ ​ပျော်​စရာအိမ်​​ထောင်​မှုဘဝ​လေးကို ဖန်​တီးထားတဲ့ ယွန်းဝတီလွင်​မိုးက​တော့ သားသား​လေးရှိလာပြီမို့ အခုဆိုရင်​ ပိုမိုပြီးပြည့်​စုံတဲ့ မိသားစု​လေးကို ပိုင်​ဆိုင်​​နေရပြီပဲဖြစ်​ပါတယ်​။

ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံနှစ်ဦးကတော့ အခုဆိုရင် ချစ်သူသက်တမ်း ၂ နှစ်ကျော်နဲ့ အိမ်ထောင်သက်တမ်း ၈လကျော် ရှိသွားပြီပဲ ဖြစ်​ပါတယ်​။ ယွန်းဝတီလွင်မိုးကတော့ အခုအချိန်​မှာ ပညာ​ရေးကိုခဏနားထား​ပြီး က​လေး​လေးကို ဂရုစိုက်​​နေတာပါ။ချစ်ပရိသတ်တွေလည်း ​ဘေဘီ​လေး​မွေးထားပြီးတာ​တောင်​ တစ်​​နေ့တစ်​ခြား ပိုပိုပြီးလှလာတဲ့ ယွန်း​လေး​ကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source;Yunwady’s Instagram

Comments

Popular posts from this blog

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗြိတိသျှ အင်္ဂလိပ်ခေတ် က မြန်မာပြည် ၌ ကောင်း ကင်ပျံကြွ တန်ခိုးပြခဲ့သည့် ဘုန်းကြီး