အောင်လေးရဲ့ချစ်ရေးဆိုမှုကို အရဲစွန့်ပြီး လက်ခံလိုက်တဲ့ လင်းအောင်ခေတ်


ပရိသတ်ကြီးရေ မော်ဒယ်၊ မင်းသားချောလေး အောင်လေးနဲ့ လင်းအောင်ခေတ်တို့နှစ်ဦးကတော့ ဆယ်ကျော်သက်တွေကြား ရေပန်းစား အောင်မြင်နေတဲ့ ကိုယ်တော်ချောလေးတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက အချစ်ဆုံးသူငယ်ချင်းတွေလည်း ဖြစ်ကြသလို အမြဲအတူသွား အတူစားနေကြလေ့ရှိပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို အတူလုပ်ဆောင်နေကြတဲ့ သူတို့နှစ်ဦးက အခုလည်း ပရိသတ်တွေ အံ့အားသင့်စေတဲ့ ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။



သူငယ်ချင်းဖြစ်တဲ့ တိုင်ရွန်က ”ကျွန်တော် directing နဲ့ edit ပညာကို လေ့လာနေတုန်း သူတို့နစ်ယောက်ကို သရုပ်ဆောင်လုပ်ခိုင်းလိုက်တယ် ”ဆိုပြီး အောင်လေးတို့နှစ်ဦးရဲ့ ဗီဒီယိုလေးကို တင်ခဲ့တာ ဖြစ်ပါတယ်။ အောင်လေးရဲ့ ချစ်ရေးဆိုမှုကို လင်းအောင်ခေတ်က ယောက်ကျားလေးဖြစ်တာကြောင့် အရဲစွန့်ရမှာကို ကြောက်ရွံနေတဲ့ကြားကနေ ချစ်တယ်ဆိုပြီး အဖြေပေးလိုက်တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။


ကင်နာယုယမှုတွေနဲ့ သူတို့နစ်ဦးရဲ့အချစ်ဗီဒီယိုလေးကတော့ တကယ့်ကို ကြည်နူးစရာကောင်းသလို အသည်းယားစရာကောင်းတာလည်း တွေ့ရပါတယ်။ အမှန်မှာတော့ အောင်လေးပါဝင်သရုပ်ဆောင်ခဲ့တဲ့ ”ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကားက ဇာတ်ဝင်ခန်းလေးတစ်ခုကို ပြန်လည်သရုပ်ဆောင်ပြီး ဟာသအနေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ကဲ ချစ်ပရိသတ်တွေအတွက် တိုင်ရွန်ရိုက်ကူးထားတဲ့ အောင်လေးနဲ့လင်းအောင်ခေတ်တို့နှစ်ဦးရဲ့ အချစ်ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Comments

Popular posts from this blog

မသေခင် ဒိတ်သွားသင့်သော ကချင် ဆယ်လီ 10 ဦး

ရွှေထူး နဲ့ ချစ်သူဖြစ် ဖို့ လွန် ခဲ့ တဲ့ (၂)နှစ်ေ လာက် ကတည်းက နမိတ်ပြနေ တာ လို့ ဆိုလိုက်တဲ့ ရွှေမှုန်ရတီ

ပုရိသတွေ ရင်ခုန်သံမြန်စေမယ့် နန်းသီရိမောင်ရဲ့ ပုံအသစ်များ