ဝေဖန်မှုတွေကို စိတ်ပူစရာမရှိပါဘူး မေမေက အားလုံးဖြေရှင်းပေးသွားပါလိမ့်မယ်ဆိုတဲ့ အချေမင်းသမီးလေး ရွှေမှုံရတီ


အချေမင်းသမီးလို့ နာမည်ကြီးနေတဲ့ မင်းသမီးချောရွှေမှုံရတီကတော့ လက်ရှိမှာ အဆိုတော် ရွှေထူးနဲ့ ချစ်ကြိုးသွယ်နေတာကြောင့် ဝေဖန်မှုတွေ အများကြီး ကြုံတွေ့နေရပေမယ့်လည်း အကောင်းဆုံြးေ


ဒါကြောင့် လက်ရှိ သူတို့အကြောင်းကို စိတ်ဝင်စားနေတဲ့ ပရိသတ်ကြီးအတွက် ရွှေမှုံကတော့ သူ့အနေနဲ့ ဝေဖန်မှုတွေကို စိတ်ပူပန်စရာမရှိပါဘူး။ တွေးတောစရာမရှိပါဘူး။ မေမေက အာလုံးဖြေရှင်းပေးတာကြောင့် အလုပ်ပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်ကြောင်း ပြောကြားခဲ့ပြီး ပိုပြီးလည်း Confidence ရှိရှိနေနိုင်တာ ဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်။


ရွှေမှုံရတီကတော့ MC နဲ့အင်တာဗျူးတွင် “ အဓိကကတော့ ဒီလိုကိုယ့်ဘာကို ယုံကြည်ချက်ရှိလာတာဟာ မေမေကြောင့်လို့ ပြောရမှာပါ။ မေမေက ငယ်ငယ်ကတည်းက သွန်သင်ဆုံးမထားပြီး ဘယ်လိုနေ ဘယ်လိုထိုင်ရမလည်းဆိုပြီးေခြေဆုံးခေါင်းဆုံး


သူချထားတဲ့ ပုံစံခွက်ထဲမှာပဲ နေခဲ့တဲ့အခါကျတော့ သဲအနေနဲ့ အနောက်လည်း မကြောက်ဘူး။ အရှေ့လည်း မကြောက်ဘူး။ ဘေးလည်းမကြောက်ဘူး။ အဲ့တော့ သဲမှာ ဘာမှ အပူပင်မရှိဘူး။ ကိုယ့်အလုပ်ကိုပဲ ကောင်းကောင်း အာရုံစိုက်နိုင်တာပေါ့။ ပူပန်စရာလည်းမရှိဘူး။ တွေးတောစရာလည်း မရှိဘူး။ အမေပဲ အားလုံးဖြေရှင်းသွားပါလိမ့်မယ်”


ဆက်လက်ပြီး ရွှေမှုံရတီက “ကြိုးစားနေပါတယ်။ ကားကြီးတွေ ရိုက်ထားတာကတော့ အများကြီးပါပဲ။ ဒါပေမဲ့ကိုယ်နဲ့ အချိန်ကျလာပြီရသင့်ရထိုက်တဲ့ အချိန် လူကြီးတွေ မျက်စိထဲမှာ အကောင်းဆုံး ဖြစ်လာရင်တော့ ရရင်ရမှာပေါ့။


အခုချိန်မှာတော့ သဲက ကြိုးစားနေဆဲကာလဆိုတော့ ကိုယ့်ကို အနုပညာလုပ်တာနှစ်ကြာနေပြီလို့ မမြင်ပါဘူး။ သဲအသစ်တယောက်လိုပဲ ခံစားရတယ်။ ဘာကြောင့်လည်းဆိုတော့ လူကြီးတွေရဲ့ မျက်လုံးထဲမှာ သဲနေရာ တစ်နေရာ မရသေးဘူး။ လူကြီးတွေရဲ့ မျက်လုံးထဲမှာရော ရင်ဘတ်ထဲမှာပါ သဲနေရာတနေရာ ရဖို့အတွက် ကြိုးစားနေပါတယ်”


Fan တွေနဲ့ ရင်းရင်းနှီးနှီးနေဖြစ်တာနဲ့ ပတ်သက်ပြီး “သဲအတွက် အရေးကြီးတာပဲ ဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာပဲ ဖြစ်ဖြစ် သဲအရင်ဆုံး ပြောပြဖြစ်တာကတော့ သဲရဲ့ We Love တွေကို အရင်ပြောပြဖြစ်ပါတယ်။ ဖုန်းနဲ့သော်လည်းကောင်း ကိုယ်တိုင်သွားတွေ့ပြီးတော့ လည်းကောင်း သဲသွားတွေ့တယ်။


ဘာလို့လည်းဆိုတော့ သူတို့က သဲအတွက် လိုအပ်တယ်။ သဲကို သူတို့အားပေးလို့ သဲဘက်က ရပ်တည်ပေးလို့ သဲလည်းနေရာတနေရာကို ရောက်လာတာပါ။ ယုံကြည်မှုရှိတာကတော့ သဲကို ချစ်တဲ့သူတွေ မရှိရင် သဲလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမှာ မဟုတ်ပါဘူး။ အကောင်းနဲ့ အဆိုးကတော့ အမြဲရှိပါတယ်။


ဒါကြောင့် ကောင်းတဲ့အချိန်လေးမှာ သူတို့လည်း ရှိတာကြောင့် သဲအနေနဲ့ အားရှိတာပေါ့။ သူတို့အနေနဲ့ စိတ်ဆိုးတာတွေရှိပါတယ်။ တခါတလေ သဲထက်တောင် ပိုပြီးတော့ စိတ်ဆိုးကြတယ်။ သူတို့လေးတွေက အရမ်းချစ်ဖို့ ကောင်းကြပါတယ်။ သူတို့က သဲရဲ့ ကိုယ်ပွားလေးတွေပါပဲ။ သဲရဲ့ရင်ဘတ်ထဲက အကြောင်းရာတွေကို တောင် လိုက်ပြီးတော့ ခံစားပေးနိုင်တယ်ဆိုတော့ သူတို့ရဲ့ စိတ်ထားလေးတွေက တကယ် မွန်မြတ်ပါတယ်” ဟုေပြောကြားသွားခဲ့ပါတယ်။


Source : nanmalgyi

Comments

Popular posts from this blog

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗြိတိသျှ အင်္ဂလိပ်ခေတ် က မြန်မာပြည် ၌ ကောင်း ကင်ပျံကြွ တန်ခိုးပြခဲ့သည့် ဘုန်းကြီး

သား​လေးနဲ့အတူ အထာကျကျ ​လျှောက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး