ဘန်ကောက်မှာ ကြော်ငြာရိုက်ကူးနေတဲ့ ပန်း​ရောင်​ခြယ်​လေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေ


ပရိသတ်တွေအရမ်းချစ်ကြတဲ့ အဆိုတော်ကြီး ဂရေဟမ်ရဲ့ သမီးကြီး ပန်းရောင်ခြယ်ကတော့ လတ်တလောမှာ Cute Press ကြော်ငြာအတွက် ဘန်ကောက်သို့ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကတော့ နာမည်လေးနဲ့ လိုက်ဖက်ညီစွာပဲ ပန်းနုရောင်ဂါဝန်လေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဝေမျှပေးထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ဘန်ကောက်မှာ ကြော်ငြာရိုက်ကူးနေတဲ့ ပန်းရောင်ခြယ်လေးရဲ့ ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။


ပန်းရောင်လေးကတော့ “ဘန်ကောက်မှာ Cute Press ကြော်ငြာရိုက်ကွင်း  ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေကိုဝေမျှပေးထားတာပါ။


ပန်းရောင်ခြယ်လေးကတော့ အသက်ငယ်ငယ်လေးရှိသေးပေမယ့် အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်နေရတာဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားသူလေးပါ။


ပန်းရောင်ခြယ်ကတော့ ဆံနွယ်ရှည်ကြီးနဲ့ ထူးခြားတဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားတဲ့ ချစ်စရာကောင်မလေးမို့ ကိုကိုပုရိသတို့ရဲ့အသည်းထဲက နတ်သမီးလေးတစ်ပါးဆိုရင်လည်း မမှားပါဘူးနော်။



ပန်းရောင်ခြယ်ကတော့ ဖခင်ဖြစ်သူနဲ့အတူတွဲသီဆိုထားတဲ့ “Wake Up Daddy” ဆိုတဲ့ သီချင်းခွေလေးကို ထွက်ရှိထားပါသေးတယ်။ သူမတစ်ယောက်တည်းသီဆိုထားတဲ့ Solo သီချင်းလေးတွေကလည်း ပရိသတ်တွေအရမ်းကို ကြိုက်နှစ်သက်ပြီး အားပေးကြတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား အရမ်းကိုချစ်စရာကောင်းတဲ့ ပန်းရောင်ခြယ်လေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Comments

Popular posts from this blog

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗြိတိသျှ အင်္ဂလိပ်ခေတ် က မြန်မာပြည် ၌ ကောင်း ကင်ပျံကြွ တန်ခိုးပြခဲ့သည့် ဘုန်းကြီး

သား​လေးနဲ့အတူ အထာကျကျ ​လျှောက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး