ရေထဲပြုတ်ကျခဲ့တဲ့အခန်းကို ပီပီပြင်ပြင်သရုပ်ဆောင်နေတဲ့ ဝတ်​မှုံရွှေရည်ရဲ့ဗီဒီယို


ပရိသတ်တွေအရမ်းချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ပိုင်းမှာ စိတ်ရောကိုယ်ရောနှစ်ပြီး သရုပ်ဆောင်တတ်တာကြောင့် အကယ်ဒမီဆုတွေကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ အမြဲလို​လို ​ကျော့ရှင်းလှပ​နေတတ်​သူတစ်​ဦးဖြစ်တဲ့ သူမကတော့ မြန်​မာနိုင်​ငံရဲ့ အလှဆုံး​သော မင်းသမီး​တွေထဲကတစ်​ဦးဆိုရင်လည်း မမှားပါဘူး။


ဝတ်မှုံရွှေရည်ကတော့ လတ်တလောမှာ သူမရိုက်ကူးနေတဲ့ ဇာတ်ကားတစ်ကားရဲ့ ရိုက်ကွင်းနောက်ကွယ်ကဗီဒီယိုလေးတွေကို ဝေမျှပေးထားတာပါ။ ရေထဲပြုတ်ကျတဲ့အခန်းတွေရော၊ ရေထဲမှာ အားစိုက်ပြီးသရုပ်ဆောင်နေတာတွေကြောင့်ပါ သူမရဲ့အနုပညာကို ချစ်မြတ်နိုးတဲ့ စိတ်ဓါတ်လေးကို အတိုင်းသားမြင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရွှေကစ်လေးရဲ့ ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။






ရေထဲပြုတ်ကျပြီးတော့ ဖရိုဖရဲလေးဖြစ်နေပေမယ့်လည်း သူမရဲ့ပုံစံလေးက အရမ်းကိုချစ်ဖို့ကောင်းနေဆဲပါပဲနော်။


ရေထဲပြုတ်ကျသွားတဲ့ပုံလေးက ကိုးရို့ကားယားလေးနဲ့ ချစ်စရာလေး


ရွှေကစ်လေးကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်ဖြစ်နေတာ ဖြစ်ပြီး Event ပွဲတွေလည်း ဆက်တိုက်တက်ရောက်ဖြစ်နေတာပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့


“မင်္ဂလာခုတင်” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်ပြီး ပရိသတ်အတွက် ကြိုးစားနေတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Wutt Hmone Shwe Yi’s Facebook

Comments

Popular posts from this blog

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗြိတိသျှ အင်္ဂလိပ်ခေတ် က မြန်မာပြည် ၌ ကောင်း ကင်ပျံကြွ တန်ခိုးပြခဲ့သည့် ဘုန်းကြီး

သား​လေးနဲ့အတူ အထာကျကျ ​လျှောက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး