“ဝိရောဒိ”သီချင်းလေးနဲ့ ကောင်မလေးတစ်ယောက်ကို လွမ်းဆွတ်သတိရနေကြောင်း ရင်ဖွင့်ချပြလိုက်တဲ့ စိုင်းစိုင်း
“ဝိရောဒိ”သီချင်းလေးနဲ့ ကောင်မလေးတစ်ယောက်ကို လွမ်းဆွတ်သတိရနေကြောင်း ရင်ဖွင့်ချပြလိုက်တဲ့ စိုင်းစိုင်း
ပရိသတ်ကြီးရေ နာမည်ကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ငယ်ရွယ်တဲ့လူငယ်ဘဝထဲက ဂီတလမ်းကြောင်းကို ခြေစုံပစ်ဝင်ရောက်ခဲ့ပြီး နားဆင်သူတိုင်းရဲ့ ရင်ကိုတစ်ချက်တည်းနဲ့ထိမှန်စေနိုင်တဲ့ သီချင်းစာသားကောင်းလေးတွေကို ကိုယ်တိုင်ရေးဖွဲ့ဖန်တီးနိုင်တာကြောင့် ကြီးကြီးငယ်ငယ် အရွယ်မရွေးပရိသတ်အားလုံးရဲ့ချစ်ခင်အားပေးမှုများစွာကို ရရှိထားတာ ဖြစ်ပါတယ်။ မမအရွယ်တွေကစလို့ ဆယ်ကျော်သက်ခေးအရွယ်ရှိ ပျိုပျိုမေအားလုံးကို အပြည့်အဝဖမ်းစားနိုင်စွမ်းရှိတဲ့ စိုင်းက အချစ်သီချင်းကောင်းလေးတွေကို အများဆုံးရေးဖွဲ့သီဆိုလေ့ရှိပါတယ်။
ယနေ့တိုင် အချစ်ရေးနဲ့ပတ်သတ်လို့ ပရိသတ်တွေကို သေချာအသိပေးထားခြင်းမရှိတဲ့ လူပျိုကြီးစိုင်းက မနေ့ညကတော့ ကောင်မလေးတစ်ယောက်ကြောင့် ရင်ကွဲနေရတဲ့ပုံစံနဲ့ စန္ဒရားတီးရင်း သီချင်းတွေဆိုပြခဲ့ပါတယ်။ စိုင်းက facebook မှာ Live လွှင့်ရင်း ရင်ထဲမှာငိုနေတဲ့အသံဆွေးဆွေးလေးနဲ့ အလွမ်းသီချင်းတွေကိုပဲ ရွေးချယ်သီဆိုပြခဲ့တာ တွေ့ရပါတယ်။ သီချင်းဆိုနေချိန် တစ်ချက်ချက်တိုင်းမှာ ငိုသံတစ်ချို့ကို ကြားရတာကြောင့် ပရိသတ်တွေကတော့ စိုင်းတစ်ယောက် အသည်းကွဲနေပြီလို့ ထင်မြင်ယူဆနေကြပါတယ်။
သူရဲ့ဗီဒီယိုဖိုင်မှာတော့ ထွက်ရှိခဲ့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်တဲ့ “ဝိရောဒိ” သီချင်းလေးကို ရင်ထဲကလာတဲ့ အသံဆွေးဆွေးလေးနဲ့ သီဆိုပြခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းလေးကတော့ ၂၀၀၉ / ၂၀၁၀လောက်က ခေတ်စားခဲ့တာဖြစ်ပြီး MTV လေးကိုတော့ ကစ်နဲ့အတူ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စိုင်းတစ်ယောက် အချစ်ဦးကိုလွမ်းနေတာလား အချစ်သစ်ကြောင့် အသည်းကွဲနေလား ဆိုတာမသိရပေမယ့် သူရဲ့သီချင်းဗီဒီယိုဖိုင်လေးကို နားထောင်မိသူတိုင်းကပါ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကဲ ပရိသတ်တွေလည်း စိုင်းစိုင်းရဲ့ ဗီဒီယိုလေးကို နားဆင်ကြည့်ဖို့အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။
Source: Sai Sai Kham Leng;
Comments
Post a Comment