ပြတ်ဆဲခဲ့တဲ့ RS ကရွှေမှုန်နဲ့ နည်းနည်းမှ မဆိုင်ပါဘူးဆိုတဲ့ ပရိသတ်အချစ်တော် ရွှေထူး


August 29, 2018
လတ်တလောမှာတော့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ တွဲနေကြတဲ့ အပေါ်ပရိသတ်တွေက ထင်ကြေးပေးပြီး ဝေဖန်နေတာတွေကို အဆိုတော် ရွှေထူးကသူရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ပြန်ပြီး ရှင်းပြခဲ့တာပါ။ အဲဒီထဲမှာတော့ အရင် RS ပြတ်ဆဲခဲ့တာဟာ ရွှေမှုန်နဲ့ နည်းနည်းမှ မဆိုင်ပါဘူးလို့ပြောခဲ့တာပါ။


ရွှေထူးက ‘ကျွန်တော်တစ်ခုလောက်ပြောပါရစေခင်ဗျာ … တစ်ဖက်ကမိန်းကလေးကိုလည်း မေတ္တာရပ်ခံပါရစေ … ကျွန်တော် အော်ဇီက မိန်းကလေးနဲ့ Valentine တည်းက ကျွန်တော့်ဘက်က အဆင်မပြေခဲ့တာပါ … သင်္ကြန်မတိုင်ခင် ကျွန်တော်တို့တွေစကားတွေများ ရန်တွေဖြစ်ပြီး ကျွန်တော့်ဘက်ကအဆင်မပြေတော့ဘူးဆိုပြီးပြောခဲ့ပြီးပါပြီ … ကျွန်တော့်ဘက်က Live စလွှင့်ခဲ့တယ်ဆိုတာလည်း ရှေ့ဆက်ဖို့အဆင်မပြေတော့တဲ့ Relationship တစ်ခုကို ဆက်ပြီးကြိုးရှည်ရှည်နဲ့ မလှန်ချင်တော့လို့ ပြတ်ပြတ်သားသားလုပ်ပေးလိုက်တာပါ… သူကျေနပ်လောက်တဲ့ထိလည်းကျွန်တော်တောင်းပန်ခဲ့ပြီးပါပြီ…


Shwe-Htoo-Shwe-Mone-Yati-Myanmar-Note သူ့အမေကို တောင်းပန်ပေးပါဆိုလို့ ကျွန်တော်ဖုန်းဆက်ပြီးလည်း တောင်းပန်ခဲ့ပြီးပါပြီ… Live လွှင့်လို့ အဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အဆဲခံ အပြောခံရတာလည်းကျွန်တော်ပါပဲ… စိတ်ကိုပြန်အားတင်းပြီး ကျွန်တော်အလုပ်တွေပြန်လုပ်ပါတယ် … RS သက်တမ်း (၆) နှစ်ကျော်ပါ…၂ ယောက်စလုံးမှာ ကောင်းတာတွေရှိခဲ့သလို မကောင်းတာတွေလဲရှိခဲ့ပါတယ်… ကျွန်တော်မကောင်းတာပိုများပါတယ် … အဲ့အတွက်လည်းသူ့ကိုလွတ်လပ်ခွင့်ပေးလိုက်တာပါ …

Shwe-Htoo-Shwe-Mone-Yati-Myanmar-Note ခုအားလုံးပြောနေကြသလို သူဝဋ်ကျွတ်သွားတာပေါ့… သက်တမ်းကြာတဲ့ RS တစ်ခုမှာ သူ့အကြောင်းကိုယ်သိ ကိုယ့်အကြောင်းသူသိပါ … အမုန်းနဲ့လမ်းမခွဲချင်တာတော့ ရင်ထဲကဆန္ဒပါ … လက်ရှိချစ်သူနဲ့မတွေ့ခင်အထိ ဘယ်မိတ်ဆွေနဲ့ပဲတွေ့တွေ့ အဲ့ဒီ့မိန်းကလေးအကြောင်းပြောတာနဲ့ သူကောင်းတာ ကျွန်တော်မကောင်းတာ ဆိုတာပဲအမြဲပြောပါတယ်…တကယ်လဲသူကောင်းခဲ့ပါတယ်… ခုချိန်ထိသူဘာပြောပြောကျွန်တော်ခေါင်းငုံခံနေဆဲပါပဲ…ကျွန်တော့်ကိုပဲပြောဖို့ မေတ္တာရပ်ခံချင်တာပါ… ကျွန်တော့်ရဲ့အမာခံပရိသတ်တွေအများကြီးဆုံးရှုံးလိုက်ရတာကိုပဲ ယူကြုံးမရဖြစ်ပါတယ်… ကျွန်တော်ကောင်းတဲ့ ကောင်တစ်ယောက်မဟုတ်ပေမဲ့အောက်တန်းမကျပါဘူး…


Shwe-Htoo-Shwe-Mone-Yati-Myanmar-Note ရွှေမှုန်နဲ့ ဧည့်သည်ကားရိုက်တဲ့အချိန် (၆)လပိုင်းမှာ စတွေ့ပါတယ်… သူနဲ့အဲဒီအချိန်မှာစရင်းနှီးပါတယ်… ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်လူလွတ်တွေဖြစ်ကြတယ်ဆိုတဲ့စိတ်နဲ့ သူငယ်ချင်းထက်ပိုခဲ့ကြပါတယ်… ခုပြောချင်တာက ရွှေမှုန်နဲ့စတွေ့တဲ့အချိန်မှာ ကျွန်တော်အားလုံးကင်းကင်းရှင်းရှင်းပါ… ပြီးခဲ့တဲ့ RS ကိုပြတ်ဆဲခဲ့တာ ရွှေမှုန်နဲ့ နည်းနည်းမှ မဆိုင်ပါဘူး… ကျွန်တော်နဲ့ပဲဆိုင်ပါတယ်… အဲ့တာကြောင့်လဲ အားလုံးပြောသမျှတွေကိုခေါင်းငုံခံနေတာပါ…

Shwe-Htoo-Shwe-Mone-Yati-Myanmar-Note ကျွန်တော့်ကြောင့် ကြားညှပ်အပြောခံနေရတဲ့ ရွှေမှုန် နဲ့ ရွှေမှုန်ရဲ့ ပရိသတ်ကိုလည်းတကယ်အားနာပါတယ် … အရာအားလုံးဟာဖြစ်ချိန်တန်လို့ဖြစ်လာတာပါ…ကျွန်တော်အရာအားလုံးအတွက် တောင်းပန်ပါတယ်ဗျာ … ခွင့်လွှတ်ပေးပါ … ဘဝမှာလူတိုင်း အမှားမကင်းကျသလိုကျွန်တော်လဲလူထဲကလူမို့ မှားခဲ့ရင်နားလည်ပေးပါ …နောက်နောင်အမှားကင်းနိုင်အောင်ကြိုးစားပါ့မယ် … ကျွန်တော့မှားခဲ့ဘူးတဲ့အမှားကြောင့်ကျွန်တော်သိပ်ချစ်ရတဲ့သူတွေ … ထပ်မဆုံးရှုံးပါရစေနဲ့ ဗျာ ကျွန်တော့်ကိုနားလည်ပေးပါဗျာ” ဆိုပြီးရေးသားခဲ့ပါတယ်။

ကဲ ဘာပဲဖြစ်ဖြစ်MyanmarNoteပရိသတ်ကြီးကရော ဘယ်လိုထင်လဲ…..

Credit to MyanmarNote



Comments

Popular posts from this blog

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗြိတိသျှ အင်္ဂလိပ်ခေတ် က မြန်မာပြည် ၌ ကောင်း ကင်ပျံကြွ တန်ခိုးပြခဲ့သည့် ဘုန်းကြီး

သား​လေးနဲ့အတူ အထာကျကျ ​လျှောက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး