ဗွီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီဖြစ်တဲ့ ငှက်ပျောသီး
တစ်နေ့မှာ နိုင်ငံကျော် အဆိုတော်မင်းသား ငှက်ပျောသီးရယ်လို့ ဖြစ်လာလေမည်လားး မြန်မာအိုင်ဒေါ အဆိုပြိုင်ပွဲ အသံစစ်ဆေးမှုမှာ ဗိုက်ဆာလွန်း သဖြင့် စာသားမေ့ဖြစ်ခဲ့ရသော ခြိမ့်ကေကို ဆိုတဲ့ အဆိုဝါသနာရှင်လေးကို လူတိုင်းသိကြမှာပါ။ အဆိုပြိုင်ရင်း သီချင်းစားသား မေ့သွားရခြင်းမှာ ဗိုက်ဆာလွန်းလို့ ဖြစ်ကြောင်း ရိုးသားစွာ ပြောခဲ့လို့ အန်ကယ် မြန်မာပြည်သိန်းတန်မှ ချစ်ခင်စာနာ သနားစွာ ငှက်ပျောသီး ထုတ်ကျွေးခဲ့ပါတယ်။ အဆိုဝါသနာရှင်လေး ခြိမ့်ကေကိုဟာ ပြိုင်ပွဲမှာရွေးချယ်မခံခဲ့ရသော်လည်း မလျော့သော ဇွဲလုံ့လတို့ဖြင့် လူမှုကွန်ယက်ဖေ့ဘုတ်စ်ပေါ်မှာ ပရိတ်သတ်ကို သီချင်းတွေ သီဆို ဖျော်ဖြေခဲ့ပါတယ်။ ဒီလို ကြိုးစားအားထုတ်မှုကြောင့် လူများစွာရဲ့ အားပေးမှုကို ရယူနိုင်ခဲ့ပြီး အန်ကယ် ဦးသိန်းတန်ဆီက ငှက်ပျောသီး စားခဲ့ရဖူးသူလေးမို့လည်း ပရိတ်သတ်တွေက ချစ်စနိုးနဲ့ “ငှက်ပျောသီး”ရယ်လို့ နာမည်ပေး ကင်းပွန်းတက်ခြင်းကို ရရှိပိုင်ဆိုင်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ငှက်ပျောသီး ဟာဆိုရင်ဖြင့် စိတ်ဓာတ်မကျဘဲ မလျော့သော ဇွဲဖြင့် ဖေ့ဘုတ်မှာ သီချင်းတွေဆိုပြခဲ့သလို ရိုးသားစွာ ကြိုးစားခဲ့သော သူ့ရဲ့ဇွဲ ဝိရိယကြောင့် ယခုအခါမှာတော့ သီချင်းသီဆိုမှု အပိုင်းမှာသာမက...
Comments
Post a Comment