မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး နှစ်လက်ဖြစ်တဲ့ မိုးဟေကို နဲ့ ဖွေးဖွေးတို့ အကြိတ်အနယ် အပြိုင်ကြဲကြမယ့် ၂၀၁၉


မိုးဟေကို နှင့် ဖွေးဖွေးတို့အပြိုင်အဆိုင်သရုပ်ဆောင်မည့် ဒါရိုက်တာဝိုင်းရိုက်ကူးမည့်’ပပဝတီစီရင်ခန်း’ ဇာတ်ကား နောက်နှစ်သို့ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မိုးဟေကိုပြောကြား



မန်မာပြည်၏ထိပ်တန်းနာမည်ကြီးမင်းသမီးနှစ်လက်ဖြစ်သည့် မိုးဟေကိုနှင့် ဖွေးဖွေးတို့ အကြိတ်အနဲအပြိုင်ကြဲကြမည့် ‘ပပဝတီစီရင်ခန်း’ ဇာတ်ကားကို မိုးဟေကိုက သူမမိခင်ကျန်းမာရေးကြောင့် ယခင် အောက်တိုဘာလလျာထားရာမှ နောက်နှစ်၂၀၁၉သို့ရွှေ့ဆိုင်းပေးရန် ခွင့်တောင်း လိုက်ကြောင်းေပြောကြားခဲ့သည်။



ယင်းဇာတ်လမ်းကို ဒါရိုက်တာဝိုင်းကိုယ်တိုင် မင်းသမီးနှစ်ဦးအတွက် ကိုယ်ပိုင်ဇာတ်ညွှန်းရေးသားပီး ဒါရိုက်တာအဖြစ်ရိုက်ကူးမည်ဖြစ်ကြောင်းသိရသည်။ဇာတ်ကားတွင် မိုးဟေကို၊ ဖွေးဖွေးတို့အပြင် အလင်းရောင်နှင့်ထွန်းထွန်းတို့လည်း တွဲဖက်ပါဝင်မည်ဖြစ်သည်။



မိုးဟေကိုမှာ သူမမိခင်ကျန်းမာရေးနှင့်လက်ရှိလည်ပတ်နေသည့် များပြားလှစွာသောစီးပွားရေးလုပ်ငန်းများကြောင့် ဇာတ်ကားရိုက်ကူးမှုများငြင်းပယ်ထားရာက ယခုနှစ်အတွင်း တစ်ရက်တာရိုက်ကူးရသည့် မဂ္ဂဇင်း ၊ ဓာတ်ပုံ ၊ ကြော်ငြာများကိုသာ လက်ခံရိုက်ကူးပေးမည်ဟုပြောကြားခဲ့သည်။


ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုကို နောက်နှစ်ကစတင်တော့မည်ဖြစ်ပြီး ပပဝတီစီရင်ခန်း ၊ ငယ်ကျွမ်းဆွေစသည့် ဇာတ်ကားများကစ၍ ဇာတ်ကားများစွာကိုလက်ခံထားသလို လက်ရှိတွင်ခေါင်းဆောင်မင်းသမီးနေရာကသာဇာတ်ကားများကိုလက်ခံထားကြောင်းသိရသည်။


မှတ်ချက်-World of Film Starsပေ့ခ်ျမှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Comments

Popular posts from this blog

မသေခင် ဒိတ်သွားသင့်သော ကချင် ဆယ်လီ 10 ဦး

ရွှေထူး နဲ့ ချစ်သူဖြစ် ဖို့ လွန် ခဲ့ တဲ့ (၂)နှစ်ေ လာက် ကတည်းက နမိတ်ပြနေ တာ လို့ ဆိုလိုက်တဲ့ ရွှေမှုန်ရတီ

ပုရိသတွေ ရင်ခုန်သံမြန်စေမယ့် နန်းသီရိမောင်ရဲ့ ပုံအသစ်များ