ရန်ကုန်စည်ပင်သာယာရေးနယ်နမိအတွင်းဝတ်လစ်စားလစ်ဖြင့်အမျိုးသမီးများဧည့်ခံသော ကာရာအိုကေဆိုင် ၂ ဆိုင်ထက်မနည်းရှိနေ
ရန်ကုန်စည်ပင်သာယာရေးနယ်နမိအတွင်းဝတ်လစ်စားလစ်ဖြင့်အမျိုးသမီးများဧည့်ခံသော ကာရာအိုကေဆိုင် ၂ ဆိုင်ထက်မနည်းရှိနေကြောင်းသိရသည်။
ဆိုရှယ်မီဒီယာပေါ်တွင်ကာရာအိုကေဆိုင်တစ်ဆိုင်၌ အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားနှစ်ဦးတို့ ၏ ကာရာအိုကေအခန်းအတွင်းဝတ်လစ်စားလစ်ဗီဒီယိုတက်လာပြီးနောက်ပြောဆိုသံများထွက်လာခြင်းဖြစ်သည်။
ပထမတွင်နိုင်ငံခြားမှဆိုင်တစ်ဆိုင်ဟုပြောဆိုကြသော်လည်းစားပွဲပေါ်တွင်မြန်မာဘီယာသံဘူးများတင်ထားသည့်အတွက်မြန်မာနိုင်ငံအတွင်းရှိဆိုင်ဟုကောက်ချက်ချကြသည်။
ထိုအသိုင်းအဝိုင်းနှင့်ရင်းနှီးသူတစ်ဦးက အင်းစိန်ဘက်မှာတရုတ်တွေဖွင့်ထားတဲ့ဆိုင်တစ်ဆိုင်ရှိတယ်။အဲဒီကအမျိုးသမီးတွေက တရုတ်မတွေများတယ်။
မြန်မာမလေးတွေလည်းရှိတယ်။
ဗဟန်းမှာလည်းဆိုင်တစ်ဆိုင်ရှိတယ်။ဗဟန်းဆိုင်က မြန်မာပိုင်တာ။အမျိုးသမီးတွေကတော့ဖိလစ်ပိုင်နဲ့ ထိုင်းမတွေများတယ်ဟု ပြောသည်။
ပြည်သူများက ယခုကဲ့သို့ ဆိုရှယ်မီဒီယာပေါ်တွင် ဗီဒီယိုတက်လာသည့်တိုင်အောင် သက်ဆိုင်ရာ ရဲတပ်ဖွဲက အရေးယူခြင်းမရှိသေးသည့်အပေါ် ဝေဖန်နေကြပြီး ထိုဆိုင်များတွင်အလုပ်လုပ်နေသော ပြည်ပနိုင်ငံများမှ
အမျိုးသမီးလေးများသည် တရားဝင်လာရောက်လုပ်ကိုင်ခြင်းဟုတ်မဟုတ်ဝေဖန်လျက်ရှိသည်။
Comments
Post a Comment