ျဗိတိသ်ွ အဂၤလိပ္ေခတ္ က ျမန္မာျပည္ ၌ ေကာင္း ကင္ပ်ံၾကြ တန္ခိုးျပခဲ႔သည့္ ဘုန္းၾကီး


ထို ပုဂၢိဳလ္ ကား တျခားမဟုတ္၊

ေက်ာက္ဆည္မွ

ရဟႏၲာမေထရ္ေက်ာ္ – ေဝဘူဆရာေတာ္။

ဒုတိယကမာၻစစ္ကာလ မတိုင္မီွက ျဖစ္ရပ္ပါ။ ေက်ာက္ဆည္ ေဝဘူ

ေခ်ာင္ အေနအထားက ေတာင္ဘက္၊ အေရွ႕ဘက္၊

ေျမာက္ဘက္တို႔မွာ ေတာင္တန္းေတြ အနိမ္႔အျမင္႔

ေတာက္ေလ်ွာက္ တံတိုင္းလိုပဲ သြယ္တန္း ေနတာေပါ႔။

ဆရာေတာ္က နံနက္တၾကိမ္၊ ညတၾကိမ္ တန္ခိုးနဲ႔

စ်ာဥ္ပ်ံျပီး ေတာင္ရိုးတေလ်ွာက္ရွိ ေစတီမ်ားကို မီးပူ

ေဇာ္ေလ႔ရွိတယ္။ ရံဖန္ရံခါ တစ္ေတာင္နဲ႔ တစ္ေတာင္

ကူးရာမွာ မီးလုံးၾကီး၊ ေရႊေရာင္အလုံးၾကီး အျဖစ္၎၊

ကိုယ္ေတာ္တိုင္ အေရာင္အဝါ ထြန္းလင္းေတာက္ပစြာ

ကူးသန္း၍လည္းေကာင္း မီးပူေဇာ္ခဲ႔တာပါတဲ႔ … ။

ဘုရားရင္ျပင္ေတာ္ေရာက္ျပီး ဦးတစ္ခါခ်ရင္၊ ေစတီ

သပိတ္ေမွာက္အထက္ ေဖာင္းရစ္-ႏွစ္ရစ္ခန္႔ လ်ွပ္စစ္

မီး ပြင္႔သကဲ႔သို႔ တျပိဳင္နက္ တခ်က္တည္း တခြင္လုံး

လင္းသြားတယ္။ သုံးၾကိမ္ဦးခ်လို႔ ျပည့္ရင္ေတာ႔ ထီး

ေတာ္အထိ ေစတီေတာ္အေပၚပိုင္း အားလုံး လင္းသြား

တယ္တဲ႔။

အေနာက္ေတာင္ဘက္ရွိ အျမင္႔ဆုံး ေရႊသာ

ေလ်ာင္းေတာင္မွ အေနာက္ေျမာက္ဘက္ရွိ မင္းေမြး

ေတာင္မ်ားသို႔ ကူးသန္းပူေဇာ္တဲ႔အခါ အသားေတာ္

ေရာ၊ သကၤန္းအေရာင္ပါ ေရႊေရာင္ေတြ ဝင္းဝင္း

ေတာက္ေန၍ ဆရာေတာ္ၾကီးအား ဖူးေျမာ္ၾကည္ညိဳ

လို႔ အေကာင္းဆုံးပါ။ ဆရာေတာ္ၾကီးက ” ဣဒိၶဝိဓ ”

ကို ပြင္႔ပြင္႔လင္းလင္း သုံးစြဲသည္ ထင္ပါတယ္ … ။

စတင္ေတြ႔တာက နံနက္ေစာေစာ အိပ္ယာထ လုပ္ငန္း

ခြင္ ဝင္ၾကရေသာ မိလႅာသိမ္းကုလားေတြ၊ ႏြားႏို႔ေရာင္း

ကုလားေတြ။ သူတို႔က ” ဒီေတာင္ေပၚမွာ ဗမာဘုန္းၾကီး

လူစြမ္းေကာင္း ရွိတယ္ ” ေျပာၾကလို႔၊ တဆင္႔စကား

တဆင္႔နား ဆိုသလို၊ ထိုေခတ္က လူအေတာ္မ်ားမ်ားဖူး

ေတြ႔ၾကရတယ္။ ေနဝင္ရင္ ” တန္ခိုးေတာ္ ဖူးရေအာင္ ”

ဟု ဆိုကာ ေဝဘူေတာင္ က်ားလ်ွာေတာ၊ ေတာင္ၾကိဳ

ေတာင္ၾကားေတြမွာ လူ ၃၀၀ ခန္႔ေလာက္ ရွိေနတတ္

တယ္တဲ႔။ မဖူး မျမင္ၾကရသူ မရွိသေလာက္ပါပဲ … ။

အဂၤလိပ္အစိုးရေခတ္ဆိုေတာ႔ ဆရာေတာ္ အဖမ္းခံရ

မွာစိုးလို႔ ေက်ာင္းဒကာ၊ ဒကာမ၊ ဥပသကာေတြက

လိုက္လံ ပိတ္ပင္ရွာတယ္။ ေနာက္ပိုင္း ကာလေတြမွာ

ဆရာေတာ္ကိုယ္တိုင္ကလည္း ဖုံးအုပ္ထားေတာ္မူ

သျဖင္႔ ” ေဝဘူဆရာေတာ္ စ်ာဥ္ပ်ံသတဲ႔၊ ခြ်တ္ကရား

ေလးမ်ား ျမင္သတဲ႔ ” ဟူေသာ ေကာလဟာလ ႏွင္႔ အေဝးပရိတ္သတ္မ်ား မ်က္ျခည္ျပတ္သြားခဲ႔တာေပါ႔။

ျဖစ္ရပ္မွန္ တခုကိုေျပာရရင္ ၁၂၉၃ ခုႏွစ္၊ တန္ေဆာင္

မုန္းလတုန္းက အင္းဝ – တံတားဦးျမိဳ႕ အိမ္သစ္တန္းမွ

ဦးဘတုတ္နဲ႔ တူမမ်ားျဖစ္တဲ႔ မစက္၊ မလွလွတို႔ ဆရာ

ေတာ္ရဲ႕ ေဝဘူေခ်ာင္ကို ဥပုသ္ရက္ရွည္ေစာင္႔ဖို႔

ေရာက္လာၾကေရာ။ တစ္ညမွာ ဦးဘတုတ္က ဆရာ

ေတာ္အား ဝတ္ျဖည့္(ႏွိပ္) ေပးေနတာေပါ႔။ မစက္နဲ႔

မလွလွတို႔က ည(၉)နာရီအခ်ိန္ အျပင္တေနရာက

ေတာင္တန္းေတြကို ရႈျမင္လိုက္ေတာ႔ တစ္ေတာင္မွ

တစ္ေတာင္သို႔ စ်ာဥ္ပ်ံျပီး မီးပူေဇာ္ေနတဲ႔ ဆရာေတာ္

ၾကီးကို ဖူးေတြ႔လိုက္ရပါတယ္တဲ႔။ ခဏၾကာေတာ႔

ဦးဘတုတ္ေရာက္လာတယ္။


” ဦးတုတ္ ဘယ္သြားေနတာလဲ၊ တူမေတြအားလုံး

တန္ခိုးေတာ္ကို ဖူးရတယ္ ” မလွလွက ေျပာရာ၊

ဦးဘတုတ္က ” ဘယ္တုန္းကလဲ ” ။ ” ခု မိနစ္ပိုင္း

ေလးပဲ မရွိေတာ႔ဘူး၊ မီးပူေဇာ္တာ တစ္နာရီနီးပါး ၾကာ

တယ္ “။ ” ေဟ … ဟုတ္လား၊ ဆရာေတာ္လည္း

ေက်ာင္းေလးေပၚမွာ ရွိေနသားပဲဟ၊ ဦးေလးလည္း

တစ္နာရီေက်ာ္ၾကာ ဝတ္ျဖည့္ျပီးမွ အခုလာတာပဲ ” ဟု

ေျပာရင္း၊ ခဏတာ စဥ္းစားျပီး ” ေအး … ငါထင္သားပဲ၊

နင္တို႔ေျပာလို႔ ေျပာရအုံးမယ္။ ငါ ဝတ္ျဖည့္ေနရင္း

ဆရာေတာ္႔ အသားေတြဟာ အိအိေျပာင္းေျပာင္းရွိရာ

ကေန ၾကာလာေတာ႔ တခါတခါ မာေတာင္႔ေတာင္႔ၾကီး

ျဖစ္သြားတာ ထူးပါတယ္ ေအာက္ေမ႔ေနတာ ဒါေၾကာင္႔

ကိုး ” ဟု ေျပာဆို ႏွီးေႏွာၾကေလေတာ႔တယ္ … ။

မွတ္ခ်က္ –

( ဦးဘတုတ္မွာ တံတားဦးျမိဳ႕၌ ကြယ္လြန္ျပီး၊ ေဒၚစက္

ေဒၚလွလွတို႔မွာ ေဝဘူေခ်ာင္ ေဒၚျပံဳး – ဇရပ္၌ ေနထိုင္

သြားပါေၾကာင္း။ သူ႔တို႔၏ မ်ိဳးဆက္မ်ား က်န္ရွိေနေသး )

အကိုးအကား

—————–

သႏိၵဌိက တရားေတာ္မ်ား – ေရႊဘိုေအာင္ေျမ ရိပ္သာ။

ရဟႏၲာႏွင္႔ ပုဂၢိဳလ္ထူးမ်ား – ဓမၼာစရိယ ဦးေဌးလိႈိင္။

ျပန္လည္ေပါင္းစည္း ေဖာ္ထုတ္သူ – #James

ထို ပုဂ္ဂိုလ် ကား တခြားမဟုတ်၊

ကျောက်ဆည်မှ

ရဟန္တာမထေရ်ကျော် – ဝေဘူဆရာတော်။

ဒုတိယကမ္ဘာစစ်ကာလ မတိုင်မှီက ဖြစ်ရပ်ပါ။ ကျောက်ဆည် ဝေဘူ

ချောင် အနေအထားက တောင်ဘက်၊ အရှေ့ဘက်၊

မြောက်ဘက်တို့မှာ တောင်တန်းတွေ အနိမ့်အမြင့်

တောက်လျှောက် တံတိုင်းလိုပဲ သွယ်တန်း နေတာပေါ့။

ဆရာတော်က နံနက်တကြိမ်၊ ညတကြိမ် တန်ခိုးနဲ့

စျာဉ်ပျံပြီး တောင်ရိုးတလျှောက်ရှိ စေတီများကို မီးပူ

ဇော်လေ့ရှိတယ်။ ရံဖန်ရံခါ တစ်တောင်နဲ့ တစ်တောင်

ကူးရာမှာ မီးလုံးကြီး၊ ရွှေရောင်အလုံးကြီး အဖြစ်၎င်း၊

ကိုယ်တော်တိုင် အရောင်အဝါ ထွန်းလင်းတောက်ပစွာ

ကူးသန်း၍လည်းကောင်း မီးပူဇော်ခဲ့တာပါတဲ့ … ။

ဘုရားရင်ပြင်တော်ရောက်ပြီး ဦးတစ်ခါချရင်၊ စေတီ

သပိတ်မှောက်အထက် ဖောင်းရစ်-နှစ်ရစ်ခန့် လျှပ်စစ်

မီး ပွင့်သကဲ့သို့ တပြိုင်နက် တချက်တည်း တခွင်လုံး

လင်းသွားတယ်။ သုံးကြိမ်ဦးချလို့ ပြည့်ရင်တော့ ထီး

တော်အထိ စေတီတော်အပေါ်ပိုင်း အားလုံး လင်းသွား

တယ်တဲ့။

အနောက်တောင်ဘက်ရှိ အမြင့်ဆုံး ရွှေသာ

လျောင်းတောင်မှ အနောက်မြောက်ဘက်ရှိ မင်းမွေး

တောင်များသို့ ကူးသန်းပူဇော်တဲ့အခါ အသားတော်

ရော၊ သင်္ကန်းအရောင်ပါ ရွှေရောင်တွေ ဝင်းဝင်း

တောက်နေ၍ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို

လို့ အကောင်းဆုံးပါ။ ဆရာတော်ကြီးက ” ဣဒ္ဓိဝိဓ ”

ကို ပွင့်ပွင့်လင်းလင်း သုံးစွဲသည် ထင်ပါတယ် … ။

စတင်တွေ့တာက နံနက်စောစော အိပ်ယာထ လုပ်ငန်း

ခွင် ဝင်ကြရသော မိလ္လာသိမ်းကုလားတွေ၊ နွားနို့ရောင်း

ကုလားတွေ။ သူတို့က ” ဒီတောင်ပေါ်မှာ ဗမာဘုန်းကြီး

လူစွမ်းကောင်း ရှိတယ် ” ပြောကြလို့၊ တဆင့်စကား

တဆင့်နား ဆိုသလို၊ ထိုခေတ်က လူအတော်များများဖူး

တွေ့ကြရတယ်။ နေဝင်ရင် ” တန်ခိုးတော် ဖူးရအောင် ”

ဟု ဆိုကာ ဝေဘူတောင် ကျားလျှာတော၊ တောင်ကြို

တောင်ကြားတွေမှာ လူ ၃၀၀ ခန့်လောက် ရှိနေတတ်

တယ်တဲ့။ မဖူး မမြင်ကြရသူ မရှိသလောက်ပါပဲ … ။

အင်္ဂလိပ်အစိုးရခေတ်ဆိုတော့ ဆရာတော် အဖမ်းခံရ

မှာစိုးလို့ ကျောင်းဒကာ၊ ဒကာမ၊ ဥပသကာတွေက

လိုက်လံ ပိတ်ပင်ရှာတယ်။ နောက်ပိုင်း ကာလတွေမှာ

ဆရာတော်ကိုယ်တိုင်ကလည်း ဖုံးအုပ်ထားတော်မူ

သဖြင့် ” ဝေဘူဆရာတော် စျာဉ်ပျံသတဲ့၊ ချွတ်ကရား

လေးများ မြင်သတဲ့ ” ဟူသော ကောလဟာလ နှင့် အဝေးပရိတ်သတ်များ မျက်ခြည်ပြတ်သွားခဲ့တာပေါ့။

ဖြစ်ရပ်မှန် တခုကိုပြောရရင် ၁၂၉၃ ခုနှစ်၊ တန်ဆောင်

မုန်းလတုန်းက အင်းဝ – တံတားဦးမြို့ အိမ်သစ်တန်းမှ

ဦးဘတုတ်နဲ့ တူမများဖြစ်တဲ့ မစက်၊ မလှလှတို့ ဆရာ

တော်ရဲ့ ဝေဘူချောင်ကို ဥပုသ်ရက်ရှည်စောင့်ဖို့

ရောက်လာကြရော။ တစ်ညမှာ ဦးဘတုတ်က ဆရာ

တော်အား ဝတ်ဖြည့်(နှိပ်) ပေးနေတာပေါ့။ မစက်နဲ့

မလှလှတို့က ည(၉)နာရီအချိန် အပြင်တနေရာက

တောင်တန်းတွေကို ရှုမြင်လိုက်တော့ တစ်တောင်မှ

တစ်တောင်သို့ စျာဉ်ပျံပြီး မီးပူဇော်နေတဲ့ ဆရာတော်

ကြီးကို ဖူးတွေ့လိုက်ရပါတယ်တဲ့။ ခဏကြာတော့

ဦးဘတုတ် ရောက်လာတယ်။


” ဦးတုတ် ဘယ်သွားနေတာလဲ၊ တူမတွေအားလုံး

တန်ခိုးတော်ကို ဖူးရတယ် ” မလှလှက ပြောရာ၊

ဦးဘတုတ်က ” ဘယ်တုန်းကလဲ ” ။ ” ခု မိနစ်ပိုင်း

လေးပဲ မရှိတော့ဘူး၊ မီးပူဇော်တာ တစ်နာရီနီးပါး ကြာ

တယ် “။ ” ဟေ … ဟုတ်လား၊ ဆရာတော်လည်း

ကျောင်းလေးပေါ်မှာ ရှိနေသားပဲဟ၊ ဦးလေးလည်း

တစ်နာရီကျော်ကြာ ဝတ်ဖြည့်ပြီးမှ အခုလာတာပဲ ” ဟု

ပြောရင်း၊ ခဏတာ စဉ်းစားပြီး ” အေး … ငါထင်သားပဲ၊

နင်တို့ပြောလို့ ပြောရအုံးမယ်။ ငါ ဝတ်ဖြည့်နေရင်း

ဆရာတော့် အသားတွေဟာ အိအိပြောင်းပြောင်းရှိရာ

ကနေ ကြာလာတော့ တခါတခါ မာတောင့်တောင့်ကြီး

ဖြစ်သွားတာ ထူးပါတယ် အောက်မေ့နေတာ ဒါကြောင့်

ကိုး ” ဟု ပြောဆို နှီးနှောကြလေတော့တယ် … ။

မှတ်ချက် –

( ဦးဘတုတ်မှာ တံတားဦးမြို့၌ ကွယ်လွန်ပြီး၊ ဒေါ်စက်

ဒေါ်လှလှတို့မှာ ဝေဘူချောင် ဒေါ်ပြုံး – ဇရပ်၌ နေထိုင်

သွားပါကြောင်း။ သူ့တို့၏ မျိုးဆက်များ ကျန်ရှိနေသေး )

အကိုးအကား

—————–

သန္ဒိဌိက တရားတော်များ – ရွှေဘိုအောင်မြေ ရိပ်သာ။

ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ – ဓမ္မာစရိယ ဦးဌေးလှိိုင်။

ပြန်လည်ပေါင်းစည်း ဖော်ထုတ်သူ – #James


Comments

Popular posts from this blog

သစ္ပင္ေပါင္း ငါးေထာင္ေက်ာ္ ျဖစ္လာေအာင္ စိုက္ပ်ိဳးႏိုင္ခဲ့တဲ့ ျမန္မာႏိုင္ငံက အသက္ ၇၀ ေက်ာ္ အဖိုး :O

သား​ေလးနဲ႔အတူ အထာက်က် ​ေလ်ွာက္​လည္​​ေနတဲ့ ​ေမ​ေမယြန္​းဝတီလြင္​မိုး