ရုတ်တရက် ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတဲ့ မော်ဒယ် မေရတီဇော်


မော်ဒယ်သရုပ်ဆောင် မေရတီဇော်ဟာ မနေ့က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရုတ်တရက် ဒဏ်ရာတွေနဲ့ ပုံရိပ်တစ်ချို့ကို တင်ခဲ့ပြီး သူမနောက်နှစ်ပတ်လောက် မှာတော့ အားလုံးပုံမှန်ပြန်ဖြစ်တော့မှာပါ။ သူမဟာ မကြာခင်မှာ ခံစားနေရတဲ့ဝေဒနာတွေ ပြီးဆုံးတော့မယ်၊ gymလည်းပြန်ဆော့နိုင်ပြီး အလုပ်တွေလဲ ပြန်လုပ်နိုင်တော့မယ်လို့ ဆိုပြီးရေးသားခဲ့ပါတယ်။


သူမဟာ သြဂုတ်လ(၁၆)ရက်နေ့ အထိ အလှဓါတ်ပုံတွေတင်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ သူမရဲ့ အလှဓါတ်ပုံတွေ မတွေ့မြင်ရတော့ဘဲ သြဂုတ်လ ၂၃ရက်နေ့မှာတော့ ဒဏ်ရာတွေနဲ့ မကြာခင်သက်သာပါတော့မယ်ဆိုတဲ့ စာတစ်ချို့ တက်လာခဲ့ပါတယ်။




သူမရေးခဲ့တဲ့ စာလေးကတော့ ” မကြာခင် ခံစားနေရတဲ့ဝေဒနာတွေ ပြီးဆုံးတော့မယ်၊ gymလည်းပြန်ဆော့နိုင်ပြီးတော့ အလုပ်တွေလည်းပြန်လုပ်နိုင်တော့မယ်တဲ့ doctor ကပြောတာပဲ တဝကတပျက်ကျန်နေသေးတဲ့ shooting တခုကိုလည်းအားနာနေပီကွယ် မြန်မြန်Yangon ပြန်ချင်နေပီ ခုထိတော့ ပတ်တီးအဖွေးသားနဲ့ ” ဆိုပြီးရေးသားခဲ့ပါတယ်။


အဆိုပါ ပို့စ်ကြောင့် သူမရဲ့ ပရိသတ်တွေ အရမ်းကို တုန်လှုပ်သွားခဲ့ပြီး စိတ်ပူနေကြပါတယ်။ သူမကတော့ ဘာကြောင့် ဒဏ်ရာတွေ ရရှိခဲ့တယ်ဆိုတာကို ပြောပြထားခြင်းမရှိပေမယ့် ပရိသတ်တွေကတော့အရမ်းကိုသိချင်နေကြပါတယ်။ အဲ့ဒီနောက်မှာတော့ ” Thanks a lot all of my guys now I’m feeling better naw နောက်2ပတ်လောက်ဆို အကုန်အဆင်ပြေပီး ပြန်ကောင်းသွားတော့မှာပါ စိတ်ပူပေးကြတဲ့ အသဲတွေကိုကျေးဇူးတင်တယ်နော် love u all guys ” လို့လဲပြောထားပါသေးတယ်။

သူမဟာ ဓါတ်ပုံမော်ဒယ် အဖြစ် အနုပညာအလုပ်တွေကို လိုက်ကိုင်နေပြီး အရမ်းလန်းတဲ့ ပုံတွေကြောင့် လဲ ပရိသတ်တွေကြား ရေပန်းစားနေတာလဲ ဖြစ်ပါတယ်။ ချစ်ရပါသော ချစ်ပရိသတ်ကြီးရေ ဖတ်ရှု့ပေးကြလို့ ကျေးဇူးပါနော်။

Source – mayyadizaw’s fb

Comments

Popular posts from this blog

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗြိတိသျှ အင်္ဂလိပ်ခေတ် က မြန်မာပြည် ၌ ကောင်း ကင်ပျံကြွ တန်ခိုးပြခဲ့သည့် ဘုန်းကြီး

သား​လေးနဲ့အတူ အထာကျကျ ​လျှောက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး