Myanmar God Talents ရဲ့ဖိုင်နယ်ကိုတက်ရောက်သွားနိုင်ပြီဖြစ်တဲ့ သားတို့အမြွှာနှစ်ယောက်
Myanmar God Talents ရဲ့ဖိုင်နယ်ကိုတက်ရောက်သွားနိုင်ပြီဖြစ်တဲ့ သားတို့အမြွှာနှစ်ယောက်
Myanmar Got Talent ရဲ့ စင်မြင့်ထက်ကနေ မင်းသမီးအကလေးနဲ့ ဖျော်ဖြေတင်ဆက်ပြီး ပရိသတ်တွေ အချစ်ကို ရယူသွားခဲ့တဲ့ တဲ့ ဖြိုးနဲ့ မိုး ဆိုတဲ့အမြွာညီအစ်ကိုလေးနှစ်ယောက်ကို မှတ်မိဦးမယ် ထင်ပါတယ်။
မြန်မာ့ အနုပညာကို ချစ်မြတ်နိုးပြီး မွေးကတည်းက အနုပညာသွေးတွေ စီးဆင်းနေတာပါ လို့ ဖြေခဲ့သလိုပဲ ဒီအမြွာသားလေးနှစ်ယောက်လုံးဟာ တကယ်ကို ပါရမီရှင်လေးတွေလို့ ဆိုရမှာပါ။
မန္တလေးရဲ့ ဇာတ်သဘင်မှာ ” သားတို့ အမြွာ” အကပဒေသာ ကို မသိသူမရှိလောက် အောင် တောင်ပြုံးပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲတွေထိ မိုးနဲ့ ဖြိုး တို့နှစ်ယောက်က မလွတ်တမ်း ဖျော်ဖြေနေကြရတဲ့ အနုပညာသည်လေးတွေ ဖြစ်ပါ တယ်။
နာမည်ရင်းကတော့ ဟန်သာဖြိုး နဲ့ ဟန်သာဖြိုး ဖြစ်ပြီး ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာခဲ့တဲ့ အတွက် မိဘတွေရဲ့ မြေတောင်မြှောက်ပေးမှုနဲ့ အတူ ဆရာလေးမန်း ပန်တျာဦးဇော်နိုင်(အကနည်းပြ) ဆီမှာ အကပညာသင်ယူခဲ့ကြပါတယ်။
နိုင်ငံတော်က ချီးမြင့်ထားတဲ့ ရွှေတံဆိပ်ဆုတွေလည်း ရရှိထားပြီး နှစ်ပါးသွား၊ နတ်ပင့် ၊ ဇော်က၊ ပုဂံက စသဖြင့် မိန်းမ၊ ယောကျာ်း ဇာတ်ရုပ်မကျန် ကပြ ဖျော်ဖြေတတ်တဲ့ ဒီ အမြွှာ လေး နှစ်ယောက်ကို တော့ ချီးကျူးလို့ မဆုံးနိုင်ဖြစ်နေကြပါတယ်။
မိုးနဲ့ ဖြိုးဟာ အသက်(၇) နှစ်လောက်ကတည်းက မြန်မာ့ရိုးရာအကပညာ ကို သင်ကြားခဲ့ပြီး ” သားတို့အမြွှာ” ရဲ့ ဇာတ်သဘင် တစ်ခုလုံးရဲ့ ပဲ့ကိုင်ရှင်လေးတွေလို့ ဆိုရမှာပါ။
အသက်ငယ်ရွယ်ပေမဲ့လည်း အနုပညာလမ်း မှာ လျှောက်လမ်းနေကြသူလေးတွေမို့ မျက်နာချိုချို ၊ အပြောချိုချို နဲ့ ပြောတတ်ဆိုတတ်ပုံလေးက ပရိသတ်တွေကို အသည်းယား စေတာဖြစ်ပါတယ်။
ခုလက်ရှိမှာတော့ Myanmar God Talents ရဲ့ နောက်ဆုံး ဖိုင်နယ်ကို တက်ရောက်သွား နိုင်ပြီ ဖြစ်ပါတယ် ။ ဖြိုး နဲ့ မိုးကတော့ သူတို့ကို Voteတွေအများကြီးလုပ်ပြီးအားပေးကြပါဦးတဲ့ ပရိသတ်ကြီးရေ ..။
Source: Myanmar God Talent credit – myanmarload
Comments
Post a Comment