မျက်လုံးတွေ ကျွတ်ကျသွားအောင် ဖမ်းစားလိုက်ပြန်တဲ့ Demi Rose


Demi Rose ကတော့ ပုရိသတွေနဲ့ အထူးမိတ်ဆက်ပေးဖို့ မလိုတဲ့ ဆယ်လီမလေးပါ။ အသက်(၂၃)နှစ်ပဲရှိသေးတဲ့ ဗြိတန်လူမျိုး မော်ဒယ်မလေးပါ။ Instagram မှာလဲ ၀န်းရံချင်သူတွေ ၀ိုင်းနေတဲ့ သူမဟာ IG Star တစ်ယောက် အဖြစ်လည်း နာမည်ကြီးသူပါ။ သူမရဲ့ကောက်ကြောင်း အလှကတော့ အတော်လေးကို နာမည်ကြီး သလို Demi Rose ကိုယ်တိုင်ကလဲ ဒီကောက်ကြောင်းကို ဂုဏ်ယူဝံ့ကြွားစွာ အမြဲ ထုတ်ဖော် လေ့ရှိသူပါ။ အမြဲ အမိုက်စား ဖက်ရှင်တွေနဲ့ ရူးခါသွားအောင် လုပ်တတ်တဲ့ Demi Rose က ဒီတစ်ခါမှာတော့ နောက်ထပ် ဖက်ရှင်တစ်မျိုးနဲ့ ရူးအောင် လုပ်လိုက်ပြန်ပါတယ်။



ပြီးခဲ့တဲ့ တနင်္ဂနွေ(သြဂုတ်လ ၂၆) ရက်နေ့တုန်းက သူမရဲ့ Demi Rose App ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ App ဟာ Kylie Jenner App နဲ့ တူတယ်လို့ သိရပါတယ်။ Kylie Jenner App မှာဆိုရင် Kylie ရဲ့ နေ့စဉ်လှုပ်ရှား မှုတွေ၊ သူမနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စုံစုံလင်လင်တင်ပေးတာပါ။ သူ့မှာဆိုရင် ငွေကြေးပေးသွင်းပြီးမှ ၀င်ကြည့်လို့ရတဲ့ အကြောင်းအရာ(Content) တွေလဲ ပါပါတယ်။ လစဉ်ကြေး(သို့) ပိုက်ဆံပေးသွင်းပြီး ကြည့်ရတဲ့ အကြောင်းအရာမျိုးဆိုရင် Kylie Jenner App မှာဆိုရင်တော့ တစ်လကို အမေရိကန်ဒေါ်လာ (၂.၂၉) ကျသင့်တယ်လို့ သိရပါတယ်။ Kylie Jenner လိုပဲ Demi Rose က Demi Rose App ကို မိတ်ဆက်ပေးခဲ့တာပါ။



ဒီပွဲကိုတော့ Demi က ကျောက်တွေနဲ့ ပြိုးပြိုးပျက်ပျက်ဖြစ်အောင် အလှဆင်ထားတဲ့ ဂါဝန်ကို ၀တ်ဆင် ပြီး တက်ရောက်လာခဲ့တာပါ။သူမရဲ့ ကောက်ကြောင်းအလှကတော့ အထင်းသားပေါ်လွင်နေတာပါ။ဝတ်စုံရဲ့ ရှေ့ပိုင်း ကတော့ အတော်လေး လည်ပင်းဟိုက်ပါတယ်။လည်ပင်းအနားမှာ Cross ပုံစံနဲ့ ဂါဝန်အောက်ဘက်ပိုင်းကို ဆက်ထား တာပါ။နောက်ဘက်ပိုင်းမှာတော့ ခါးနားမှာ ဖြတ်ထားပြီး ခါးအသားကို အထင်းသားဖော် ထားပါတယ်။



low-cut gown စတိုင်ပါ။ လက်ထဲမှာတော့ ငွေရောင် လက်ကိုင်အိတ်အသေးကို ကိုင်ထားပါတယ်။ဖိနပ်ကတော့ အရောင်ဖျော့ ဒေါက်ကို စီးထားပါတယ်။ မိတ်ကပ်ကတော့ ၀တ်စုံနဲ့ လိုက်ဖက်တဲ့ smoky eye နဲ့ နှုတ်ခမ်းနီအဖျော့ ကို ဆိုးထားပါ တယ်။Demi ကသူမရဲ့ App သစ် မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး ဒီပွဲကို Reality TV Star တွေ ဖြစ်တဲ့ Chyna Ellis, Jon Clark နဲ့ Chris Clark တို့လဲ တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။


Source dailymail

Comments

Popular posts from this blog

သစ်ပင်ပေါင်း ငါးထောင်ကျော် ဖြစ်လာအောင် စိုက်ပျိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အသက် ၇၀ ကျော် အဖိုး :O

ဗြိတိသျှ အင်္ဂလိပ်ခေတ် က မြန်မာပြည် ၌ ကောင်း ကင်ပျံကြွ တန်ခိုးပြခဲ့သည့် ဘုန်းကြီး

သား​လေးနဲ့အတူ အထာကျကျ ​လျှောက်​လည်​​နေတဲ့ ​မေ​မေယွန်းဝတီလွင်​မိုး