“ချွေးမက မျက်နှာနည်းနည်းများတယ်”ဆိုတဲ့ ယောက္ခထီးဖြစ်သူ မြင့်မြတ်ရဲ့စကားကြောင့် ရှက်သွားတဲ့ ချွေးမလေး ရွှေမှုံရတီ


ရွှေမှုံရတီကတော့ လက်တလောမှာ သူမရဲ့အချစ်ရေးကြောင့် ပရိသတ်တွေကြားတော်တော်လေးကိုဝေဖန်မှုတွေမြင့်တက်နေတာလည်းဖြစ်ပါတယ်။


သို့သော်လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတတ်တဲ့ ရွှေမှုံကတော့ သူမစတိုင်အတိုင်း ဘယ်သူ့ကိုမှ သိပ်ဂရုစိုက်လှခြင်းမရှိပါဘူး။ သူမယုံကြည်တယ်လို့ထင်တဲ့အရာကိုသာတစိုက်မတ်မတ်လုပ်နေပြီး အဆိုတော်ရွှေထူးနဲ့ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ချစ်သူဘဝတွေကိုဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။


မြင့်မြတ်နဲ့ရွှေမှုံရတီကိုတော့ ရုပ်ရှင်တော်တော်များများမှာ တွဲတွေ့ရလေ့ရှိပြီး ဆရာတပည့်လိုဖြစ်နေကြတာလည်းဖြစ်ပါတယ်။ မကြာသေးခင်ကမှ သားဦးလေးမွေးဖွားထားတဲ့ မြင့်မြတ်ကိုတော့ ရွှေမှုံရတီက ယောက္ခမတော်မယ့် အကြောင်း ကြိုပြီးချိတ်ထားတာလည်းဖြစ်ပါတယ်။


ရွှေမှုံရတီကတော့ ယောက္ခထီးကိုတော့ ရှုတင်မှာတွေ့တယ်။ ယောက္ခမကိုတော့ မတွေ့ရသေးဘူး။ ရှုတင်မအားတာနဲ့ ဘာနဲ့ဆိုတော့ နောက်မှသက်သက်တစ်ရက်သွားတောင်းမှာပါ။ တွေ့တာနဲ့ တခါတည်းတောင်းဖို့စဉ်းစားထားတယ်လို့ အရွှန်းဖောက်ပြီးနောက်လိုက်ပါသေးတယ်။


မြင့်မြတ်ကလည်းရွှေမှုံရတီရဲ့စကားအပေါ်မှာချွေးမအဖြစ်တော်မှာလားဆိုတော့



ချွေးမတော့ ချွေးမကောင်းပဲ ဒါပေမယ့် မျက်နှာနည်းနည်းတော့များတယ် ဆိုပြီး ရွှေမှုံရတီကို အတည်ပေါက်ကြီးနဲ့ နောက်လိုက်တာလည်းဖြစ်ပါတယ်။ အဲ့စကားကြားပြီး ရွှေမှုံရတီတစ်ယောက် မျက်နှာများတဲ့ချွေးမ တော်ပြီလို့မြင့်မြတ်ကိုပြောလိုက်ရတဲ့အထိပါပဲ။


Video ကြည့်ရန်


Comments

Popular posts from this blog

မသေခင် ဒိတ်သွားသင့်သော ကချင် ဆယ်လီ 10 ဦး

ရွှေထူး နဲ့ ချစ်သူဖြစ် ဖို့ လွန် ခဲ့ တဲ့ (၂)နှစ်ေ လာက် ကတည်းက နမိတ်ပြနေ တာ လို့ ဆိုလိုက်တဲ့ ရွှေမှုန်ရတီ

ပုရိသတွေ ရင်ခုန်သံမြန်စေမယ့် နန်းသီရိမောင်ရဲ့ ပုံအသစ်များ